သရက်က ကပစ ၁၂ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရ

သရက်က ကပစ ၁၂ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရ

မကွေးတိုင်း၊ သရက်မြို့ အခြေစိုက် အမှတ် − ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဖေဖေါ်ဝါရီလ ၁၅ ရက်မနေ့ည ၉ နာရီလောက်က လျော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း ၄ Eagle Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

၉၀ မမ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကပစ ၁၂ ထဲက လူပျိုဆောင် ၂ ခုကြားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီအထဲမှာက ထုတ်လုပ်ရေးသမားတွေ ရှိတယ်။ တိုက်ခိုက်ရေးဘက်က အရာရှိအနည်းအကျဥ်းတော့ ရှိတယ်။ လက်ရှိလည်း လက်နက်ကြီးကျည်တွေ ထုတ်လုပ်နေတယ်။ ဒါကြောင့် ပစ်ခတ်ခဲ့တာပါ" လို့ Eagle Force အဖွဲ့ တာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ရှော့တိုက်ဒုန်း ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပေမယ့် တလုံးကတော့ ချို့ယွင်းချက်ဖြစ်သွားကာ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

တိုက်ခိုက်ခံရစဥ် ညအချိန်က ပြန်လည်ပစ်ခတ်တာမျိုးမရှိပဲ ဒီနေ့မနက်အစောပိုင်းမှာတော့ အဲ့ဒီတပ်ဝန်းထဲရှိ စက်ပစ်ကွင်းဘက်ကနေ လက်နက်ကြီးနဲ့ ၅ ကြိမ်လောက် ရမ်းသမ်းပစ်ခတ်တာမျိုး ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Eagle Force အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၉ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကလည်း ကပစ ၁၂ ကို လျော့တိုက်ဒုန်းနဲ့ပစ်ခတ်ခဲ့သလို မနက် ၇ နာရီလောက်မှာလည်း သရက်မြို့က ရေမျက်ရဲကင်းစခန်းကို ဒရုန်းအသုံးပြုကာ ဗုံးသီးချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီကာကွယ်ရေးပစ္စည်းစက်ရုံဟာ စစ်တပ်အတွက် ၁၂၀ မမ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ လက်နက်ကြီးကျည်တွေ ထုတ်လုပ်ပေးနေတာလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10