သရက်မြို့နယ် စစ်ကောင်စီ လဝကလက်ထောက်ကြီးကြပ်ရေးမှူး ဧရာဝတီမြစ်အတွင်းရေနစ်သေဆုံး

သရက်မြို့နယ် စစ်ကောင်စီ လဝကလက်ထောက်ကြီးကြပ်ရေးမှူး ဧရာဝတီမြစ်အတွင်းရေနစ်သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ် စစ်ကောင်စီလက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက) ဝန်ထမ်း ၁ ဦး မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းက ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ရေနစ်သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် သရက်မြို့နယ် လဝက လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးသွင်ခန့်ပေါင် ဆိုသူဖြစ်ပြီး သရက်မြို့၊ရုံးရပ်ကွက် ဧရာဝတီမြစ်အတွင်း ဇက်ဆိပ်မှာ ဒီမနက် ၉ နာရီလောက်က ရေဆင်းချိုးရာမှာ ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။

"သူက လဝက ၃ ရစ် လက်ထောက်ကြီးကြပ်ရေးမှူးပေါ့။ သူက ချင်းလူမျိုး၊ သူအပါ သူငယ်ချင်း ၃ ယောက်လာတာမှာ သူတယောက်ပဲရေကူးတတ်တော့ ကျန်တဲ့၂ ယောက်ကရေမကူးပဲ ကုန်းပေါ်မှာကျန်ခဲ့တာ။ သူပဲ ရေချိုးဆင်းရင်းရေနစ်တာ"လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဆယ်ယူရရှိခဲ့ပြီးအလောင်းကို သုခရတနာလူမှုကူညီရေးအသင်းကားနဲ့ သရက်ခရိုင်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၆ ရက် ညနေပိုင်းကလည်း ရေနံချောင်းမြို့၊ ဧရာဝတီမြစ်အတွင်း ဒေသအခေါ် ညောင်လှချောင်းသာမှာ ရေဆော့ကစားတဲ့ အသက် ၁၅ နှစ်အောက်မိန်းကလေး ၂ ဦးအပါ စုစုပေါင်း ၄ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ရေနစ်သေဆုံးသွားတဲ့လဝကဝန်ထမ်းရဲ့အလောင်းကိုပြန်လည်ဆယ်ယူနေစဉ်။

စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10