သရက်မြို့ စက်လှေဂိတ်မှူးရဲ့ ပဲ့ထောင်စက်လှေ ၁ စီးဆိုက်ကပ်ထားစဉ် ပျောက်ဆုံး

သရက်မြို့ စက်လှေဂိတ်မှူးရဲ့ ပဲ့ထောင်စက်လှေ ၁ စီးဆိုက်ကပ်ထားစဉ် ပျောက်ဆုံး

မကွေးတိုင်း၊ သရက်မြို့၊ ဧရာဝတီမြစ် ကူးတို့ဆိပ်မှာ ဆိုက်ကပ်ထားတဲ့ စက်လှေ ၁ စီးဟာ ဩဂုတ် ၁၄ ရက် ဒီမနက်အစောပိုင်းက ပျောက်ဆုံးသွားတယ်လို့ စက်လှေပိုင်ရှင်လည်းဖြစ်ပြီး စက်လှေဂိတ်မှူးတာဝန်ယူထားသူ ဦးပေါက်စက ပြောပါတယ်။ 

ဧရာဝတီမြစ်အတွင်း ကူးတို့ဆိပ်မှာ အခြားပဲ့ထောင်စက်လှေတွေနဲ့အတူ ဆိုက်ကပ်ထားချိန် ဒီမနက် ၂ နာရီဝန်းကျင်လောက်က ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

“ နှစ်ပေါင်း ၄၀ ကျော်ပြီ ဒီအလုပ်လုပ်လာတာ တခါမှမပျောက်ဖူးဘူး။ ကြိုးပြတ်သွားတာလည်းမဟုတ်ဘူး။ တစီးတည်းရပ်ထားတာလည်း မဟုတ်ဘူး။ အလယ်မှာ ရပ်ထားတာကို ပျောက်သွားတာ။ ဒီမနက်တော့ လိုက်တော့ရှာသေးတယ် ခုထိဘာမှမထူးသေးဘူး" လို့ ဦးပေါက်စက ပြောပါတယ်။

ပဲ့ထောင်စက်လှေတန်ဖိုးပျမ်းမျှ ကျပ်သိန်း ၄၀ ကျော်ရှိပြီး ပျောက်ဆုံးတာနဲ့ပတ်သက်လို့ သရက်မြို့မရဲစခန်းကို အကြောင်းကြားထားတယ်လို့ သူဆက်ပြောပါတယ်။

စက်လှေအလျား ၄၆ ပေ အနံ ၃ ပေခွဲဖြစ်ပြီး အပြာရောင် အစိမ်းကြား ဇော်ညီနောင်လို့အမည်ပေးထားတဲ့ ပဲ့ထောင်စက်လှေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီပဲ့ထောင်စက်လှေဟာ သရက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သရက်-အောင်လံ ကူးတို့လုပ်ငန်းလိုင်စင်နဲ့ ဧရာဝတီမြစ်ကိုဖြတ်ကာ ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - သရက်မြို့ကူးတို့ဆိပ်တွင် ဆိုက်ကပ်ထားသည့် ပဲ့ထောင်စက်လှေများ။ (လူမှုကွန်ယက်စာမျက်နှာမှ)

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #သရက် #မကွေးတိုင်း #ဧရာဝတီမြစ် #စက်လှေ #ပဲ့ထောင် #ကူးတို့ဆိပ် #အောင်လံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10