သရုပ်ဆောင်ဒေါင်းနဲ့ ပြည်သူတွေက စစ်ရှောင်တွေကို စားသောက်ကုန် လှူဒါန်း (Photo News)

သရုပ်ဆောင်ဒေါင်းနဲ့ ပြည်သူတွေက စစ်ရှောင်တွေကို စားသောက်ကုန် လှူဒါန်း (Photo News)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးအုပ်စုက စစ်ရှောင်ပြည်သူတွေအတွက် ဇွန်လ ၂၃ ရက်ဒီနေ့မှာ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ တော်လှန်သောပြည်သူတွေက စားသောက်ကုန်တွေလှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။ 

ဆန်အိတ် ၂၀၊ ဆီပိဿာချိန် ၃၀၊ ငါးသေတ္တာဗူး ၃၃၀နဲ့ ကြက်သွန်ပိဿာချိန် ၁၀၀ ပါဝင်ပြီး ညောင်ပင်ကြီးအုပ်စုက စစ်ရှောင်စခန်း ၇ နေရာကို အလှူရှင်ကိုယ်စား အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့တာလို့ အဖွဲ့တာဝန်ရှိသူ မဖူးပွင့်ဝေဆီက သိရပါတယ်။



သတင်း - ခန့်အောင်

 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်ကြီး #ညောင်ပင်ကြီး #စစ်ရှောင် #လှူဒါန်း #သရုပ်ဆောင်ဒေါင်း #တော်လှန်ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10