သာယာဝတီခရိုင်အတွင်း ပန်းပန်တဲ့ပရိုဖိုင်ချိန်းသူ ၄ ဦး အဖမ်းခံရ

သာယာဝတီခရိုင်အတွင်း ပန်းပန်တဲ့ပရိုဖိုင်ချိန်းသူ ၄ ဦး အဖမ်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ ပန်းပန်တဲ့ပရိုဖိုင်ချိန်းတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ဖမ်းဆီးတဲ့အတွက် သာယာဝတီခရိုင်အတွင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၄ ဦးရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။

မိုးညိုမြို့နယ်၊ ရေကင်းမြို့သုံးထပ်ကျောင်းရှေ့က မချိုမာကို စစ်ကောင်စီတယ်လီဂရမ်က ဖော်ပြအပြီး ဇွန်လ ၁၉ ရက် ညနေမှာ ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

"မွေးနေ့အကြိုပန်းပန်တဲ့ ဓါတ်ပုံနဲ့ ပရိုဖိုင်ချိန်းတာကို စစ်ကောင်စီတယ်လီဂရမ်ကတင်လိုက်လို့  ၁၉ ရက် ညနေကပဲ မိုးညိုရဲကလာဖမ်းတာ"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

နယ်မှာနေတဲ့သူတွေအနေနဲ့ ကိုယ်ရဲ့ဖေ့စ်ဘုတ်မှာ အနီးဝန်းကျင်ကသူတွေကို Friend အဖြစ်မထည့်ဖို့နဲ့ Friend စာရင်းထဲမှာ ဒလန်တွေရှိနိုင်ဆိုတာကို သတိပြုဖို့လိုတယ်လို့ သူကဆက်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီက ဇွန်လ ၂၀ ရက်က ပုဒ်မ ၅၀၅(က)ထောင် ၃ နှစ်ချလိုက်တယ် လို့ ပြောဆိုကြပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။

သာယာဝတီခရိုင်အတွင်းမှာ ဇွန်လ ၁၉ ရက်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို လူမှုကွန်ရက်မှာတင်ခဲ့သူ နတ်တလင်းမြို့က လယ်သမားအရေးလူပ်ရှားသူ ကိုသန့်ဇင်ထက်ကို ဇွန် ၁၉ ရက် နေ့လယ်ပိုင်းနဲ့ ပန်းပန်တဲ့ပုံကို လူမူကွန်ယက်မှာတင်တဲ့ နတ်တလင်းမြို့ပေါ်က မခင်ပြည့်ပြည့်အောင်၊ ပန်းပန်တဲ့ပုံပရိုဖိုင်ချိန်းတဲ့ နတ်တလင်းမြို့နယ်၊ တာပွန်မြို့က မဝင်းလေးတို့ ၃ ဦးလည်း ဇွန်လ ၁၉ ရက် ညကဖမ်းဆီးခံခဲ့ရပါသေးတယ်။

သာယာဝတီခရိုင်အတွင်း ပန်းသပိတ်နဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရသူ ၄ ဦးရှိရာ အားလုံးဟာ စစ်ကောင်စီထောက်ခံ တဲ့တယ်လီဂရမ်ဖော်ပြခံရသူတွေဖြစ်တယ်လို့သိရပါတယ်။

ပုံစာ - ဇွန်လ ၁၉ ရက်က မဝင်းလေး၏ ပရိုဖိုင်မှာတင်ခဲ့သည့် ဓါတ်ပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီခရိုင် #မိုးညိုမြို့  #ပန်းပန် #ပရိုဖိုင်ချိန်း #အမျိုးသမီး #အဖမ်းခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10