သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတိီမြို့မှာ ဒီဇင်ဘာလ ၁၉ ရက်မနေ့ညက ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့သတင်းတာဝန်ခံဆီက သိရပါတယ်။
သာယာဝတီမြို့ရန်ကုန်-ပြည်လမ်းမှာရှိတဲ့ တိုးဂိတ်အနီးမှာ အင်အား ၁၂ ဦးလောက်နဲ့ ညကင်းလှည့်နေတဲ့အဖွဲ့ကို မနေ့ည ၉ နာရီခွဲလောက်က လက်လုပ်မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
"မိုင်းဆွဲပြီးတဲ့အချိန်မှာ စစ်ကောင်စီတွေဘက်က သေနတ်ဖောက်သံတွေအဆက်မပြတ်ထွက်လာတယ်။ သိပ်မကြာဘူး လူနာတင်ကားတွေ သွားတာမြင်လိုက်ရတယ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးနိုင်ခြေရှိသလို ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်"လို့ ဂဠုန်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
သာယာဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီက တမြို့နယ်လုံးကို လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ပြည်သူလူထုကိုလည်းနည်းမျိုးစုံနဲ့စစ်ဆေးဖမ်းဆီးတာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ မကြာခဏဆိုသလို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ ရက်ကလည်းပျူစောထီးခေါင်းဆောင်လို့ ဒေသတွင်းသတင်းကြီးသူကြံ့ခိုင်ရေးလွှတ်တော်အမတ်ဟောင်း ဦးမောင်မောင်ရဲ့တပည့် တပ်ထောက်ခံပွဲတွေဦးဆောင်သူ ကိုပိုက်တင်ဆိုသူကိုလည်းသေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share