သာယာဝတီမှာ သမချေးငွေမဆပ်တဲ့ ရွာသား ၃ ဦးထက်မနည်း အဖမ်းခံထားရ

သာယာဝတီမှာ သမချေးငွေမဆပ်တဲ့ ရွာသား ၃ ဦးထက်မနည်း အဖမ်းခံထားရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သမဝါယမဦးစီးဌာနက ဒေသခံတွေကို ထုတ်ချေးထားတဲ့ ချေးငွေတွေ ပြန်မဆပ်တဲ့ရွာသား ၃ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၇ ရက် မနက်က သာယာဝတီမြိုနယ်၊ အသရော်အုပ်စု၊ ကျားမနိုင်ရွာသားတွေ ဖမ်းဆီးခံရတာဖြစ်ပြီး သမဝန်ထမ်း၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးတာလို့ ဆိုပါတယ်။ 

“ဘာမှရှင်းပြလို့ မရဘူး။ ကားပေါ်ဆွဲတင်ပြီး  သာယာဝတီမြို့နယ် စံရွေးရဲစခန်းကို ဖမ်းသွားတာ ခုထိပြန်မလွှတ်သေးဘူး။" လို့  ဒေသခံတဦးက ပြောပါတယ်။ 

မနေ့က ဖမ်းဆီးချိန်မှာ ကျေးရွာသား ၁၀ ဦးဝန်းကျင်ရှိပေမယ့် အချို့မိသားစုတွေက တခြားတနေရာမှငွေချေးကာ သမဦးစီးဌာနကို ပြန်ပေးဆပ်ခဲ့လို့ လွှတ်ပေးလိုက်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့က အဖွဲ့ခေါင်းဆောင်ကို ချေးငွေဆပ်ပြီးသား။ ထုတ်ယူတုန်းကလည်း အဖွဲ့ခေါင်းဆောင်ဆီကပဲ ထုတ်ရတာ ပြန်ဆပ်တော့လည်း သူ့ (အဖွဲ့ခေါင်းဆောင်) ကို ပဲပြန်ဆပ်ထားတာ။ သူကရွာမှာမရှိတော့ သူ့ကိုမဆက်သွယ်ဘဲ ကျနော်တို့ဆီလာပြီး ပြဿနာရှာတာ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။ 

မြို့နယ်သမဝါယမဦးစီးဌာန လက်အောက်ရှိ သမဝါယမအသင်းရုံးမှာ ကျေးရွာအဖွဲ့ခေါင်းဆောင်က ကိုယ်တိုင်လက်မှတ်ထိုးကာ ချေးငွေတွေကို ထုတ်ယူပြီးမှ ကျေးရွာသားတဦးကို ကျပ် ၅ သောင်းကစကာ ပြန်လည်ထုတ်ချေးပေးတာဖြစ်ပြီး အကြိမ်ရေအလိုက် ချေးငွေကို တိုးမြှင့်ကာ ထုတ်ချေးပေးတာ ဖြစ်ပါတယ်။ 

ချေးငွေတွေကို ၆ လတကြိမ်ထုတ်ချေးတာဖြစ်ပြီး ၆ လပြည့်ပါက အတိုးအရင်းပြန်ဆပ်ကာ ထပ်မံချေးယူရတာဖြစ်တယ်လို့ ပါတယ်။

ပုံစာ - ကျားမနိုင်ရွာအတွင်း သမချေးငွေနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ဖမ်းဆီးခဲ့စဉ်။ 

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #သမဝါယမ #ချေးငွေ #ဖမ်းဆီး #စစ်ကောင်စီအဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10