သီတင်းကျွတ်လပြည့်နေ့မှာ မြေလတ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ မီးပူဇော်ပွဲကျင်းပ

သီတင်းကျွတ်လပြည့်နေ့မှာ မြေလတ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ မီးပူဇော်ပွဲကျင်းပ

မြန်မာ့ရိုးရာဓလေ့ သီတင်းကျွတ်လ ဆီးမီးပူဇော်ပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းထဲက ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အချို့ဟာ ၎င်းတို့ရဲ့ သက်ဆိုင်ရာတပ်စခန်းနဲ့ ဒေသအသီးသီးမှာ ကျင်းပခဲ့ကြတယ်လို့ Burma Liberation Democratic Front - BLDF တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။ 

အောက်တိုဘာ ၂၉  ရက် (သီတင်းကျွတ်လပြည့်) မနေ့က  Liberation Democratic Front - BLDF တပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ဦး ABSDF Column - 3 နဲ့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ ပေါင်းတည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကျင်းပခဲ့တာလို့ ဆိုပါတယ်။ 

“ဆီမီးထွန်းပြီးတော့  ကျနော်တို့ရဲဘော်တွေကနေပြီး ရက်ပေါင်း ၁၀၀၀ အတွင်းကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက် ဆုတောင်းပေးခဲ့ကြတယ် "လို့ Burma Liberation Democratic Front - BLDF မဟာမှိုင်းတပ်ခွဲရဲ့ တပ်ခွဲတာဝန်ခံရဲဘော်အံ့ကြီးက ပြောပါတယ်။ 

ဒါ့အပြင် မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကိုလည်း ဦးညွှတ်အလေးပြုခဲ့ပါသေးတယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ဦး ABSDF Column - 3 မှာ ဆရာကန်တော့ပွဲနဲ့ ဆီမီးပူဇော်ပွဲကို မကွေးတိုင်း၊ ယောဒေသမှာ ကျင်းပတယ်လို့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်ကဆိုပါတယ်။ 

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ မှာလည်း ရဲဘော်ရဲမေတွေနဲ့အတူ သီတင်းကျွတ်လအထိမ်းအမှတ် ဆီမီးထွန်းညှိကြသလိုသီတင်းကျွတ်အထိမ်းအမှတ် မုန့်ဖက်ထုပ်လုပ်ကာ စား‌သောက်ကြတယ်လို့ တပ်ခွဲမှူးဗိုလ်ကျားဟိန်းဆီက သိရပါတယ်။

ဒါ့အပြင် ပြည်ခရိုင်တပ်ရင်း ၃၆၀၂ မှာလည်း သီတင်းကျွတ် မီးထွန်းပွဲကျင်းပကြတယ်လို့ တပ်ဖွဲ့ပြောခွင့်ရသူဆီက သိရပါတယ်။ 

ပုံစာ -  ပြည်သူ့တပ်ဖွဲ့များ၏ သီတင်းကျွတ်အထိမ်းအမှတ် မှတ်တမ်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပဲခူး #မီးထွန်းပွဲ #သတင်းကျွတ် #ကာကွယ်ရေးတပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10