သုံးဆယ်သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရလို့ ရဲ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

သုံးဆယ်သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရလို့ ရဲ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သုံးဆယ်မြို့၊ ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ WE LOVE THONZE သင်္ကြန်ရေကစားမဏ္ဍပ်အနီးမှာ ဧပြီ ၁၅ ရက်၊ ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးရဲ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့က ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ကိုဥက္ကာက ဆိုပါတယ်။
 
"အဲ့ဒီနေရာမှာ ရဲဂိတ်ပဲရှိတာ၊ သေတာလည်းရဲပဲ၊ သင်္ကြန်မဏ္ဍပ်နဲ့လှမ်းတဲ့နေရာကိုလုပ်တာဆိုတော့ ပြည်သူလူထုတော့ မထိခိုက်ပါဘူး။ မိုင်းကလက်လုပ်မိုင်းဆိုပေမယ့် အလုံးကြီးတယ်။ ပေါက်ကွဲအားပိုပြင်းတယ်" လို့ စစ်ရေးတာဝန်ခံ ကိုဥက္ကာကပြောပါတယ်။
 
သင်္ကြန်ရေကစားမဏ္ဍပ်တွင် ညပိုင်းဖျော်ဖြေရေးလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲခဲ့တာဖြစ်လို့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်တာတွေမျိုးတွေလုပ်ပြီး အနားမှာရှိတဲ့ ပြည်သူတချို့ကို ရိုက်နှက်ဖမ်းချုပ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။
 
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖောက်ခွဲတိုက်ခဲ့တဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့မှာ ဧပြီ ၁၃ ရက်က သုံးဆယ်မြို့မှာလုပ်တဲ့ လောင်ကစားဝိုင်းကိုမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး၊ ဦးဆောင်လုပ်ကိုင်တဲ့ ပျူစောထီးတဦး ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသနေတယ်လို့ သိရပါတယ်။
 
စာတည်း-လင်းဇေ

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10