သေနတ်တွေကိုပြင်ပေးပြီး ကျည်ဆံအလှူခံနေတဲ့ RBDF တပ်ဖွဲ့  (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် Royal Brother Defence Force တပ်ဖွဲ့က တိုက်ပွဲမှာ ပျက်စီးချို့ယွင်းသွားတဲ့သေနတ်တွေကို ဇန်နဝါရီလလယ်ပိုင်းကစပြီး အခကြေးငွေမသတ်မှတ်ဘဲ ပြန်လည်ပြင်ဆင်ပေးနေတယ်လို့ RBDF တပ်ဖွဲ့ဆီက သိရပါတယ်။

RBDF တပ်ဖွဲ့အနေဖြင့် ကျည်ဆံဝယ်ယူဖို့ ငွေကြေးမတတ်နိုင်သလို တိုက်ပွဲဝင်ဖို့ ကျည်ဆံလိုအပ်နေတာကြောင့် သေနတ်ပြင်ဆင်စရိတ်အဖြစ် ကျည်ဆံအလှူခံရတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ ပစ်ခတ်မှုများတဲ့အတွက် မောင်းတုန်း၊ ဂက်စ်ပိုက်တွေနဲ့ အော်တိုစင်ဂယ် Auto Sigal မပြန်တော့တဲ့ လက်နက်ငယ်တွေ ပြင်ဆင်ရတာများတယ်လို့ သူကဆက်ပြောပါတယ်။

အညာဒေသမှာရှိတဲ့ တပ်ဖွဲ့တွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေက သက်တမ်းကြောင့်ချို့ယွင်းတာရှိသလို တချို့သေနတ်တွေမှာ ကျည်ဆံထိမှန်ထားတာနဲ့ လက်နက်ကြီးအစတွေမှန်လို့ ပျက်စီးတာတွေပါတယ်လို့ ကိုရဲကြီးက ဆိုပါတယ်။

ပျက်စီသွားတဲ့ သေနတ်တလက်ကို ပြန်လည်ပြင်ဆင်ရာမှာ ပစ္စည်ဖိုးနဲ့ပြုပြင်ခအဖြစ် ငွေကြေးသတ်မှတ်ထားတာမျိုးမရှိဘဲ သေနတ်တလက်ပြင်ဆင်စားရိတ်အဖြစ် တပ်ဖွဲ့တွေကကျည်ဆံ ၃၀ တောင့်မှ ကျည်ဆံ ၄၀ တောင့် ပြန်ထောက်ပံ့ပေးကြတယ်လို့ သိရပါတယ်။ 

ယခင်က တော်လှန်ရေးရဲဘော်ရဲဘက် မဟာမိတ်တပ်ဖွဲ့အချင်းချင်း အလှူခံတာမျိုးမရှိဘဲ အခမဲ့ ပြုပြင်ပေးဖြစ်သလို မန္တလေးတိုင်း မြင်းခြံနယ်ကတပ်ဖွဲ့ ၊ မကွေးတိုင်း ရေစကြိုနယ်က တပ်ဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်း မြောင်ဒေသက တပ်ဖွဲ့တွေကို အများဆုံး ပြင်ဆင်ပေးရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလမှစတင်ပြင်ဆင်ရာမှာ ၁ လကျော်ကာလအတွင်းမှာ သေနတ် ၁၂ လက် ပြန်လည်ပြင်ဆင်ပေးခဲ့ရပြီး တပ်ဖွဲ့တွေ ပြန်လှူတဲ့ ကျည်ဆံ ၂၀၀ ဝန်းကျင် ရရှိထားပါပြီ။

ကျည်ဆံ ၂၀၀ ဆိုတာမှာလည်း ရှေ့တန်းထွက်ရတဲ့ ရဲဘော်တယောက်စာအတွက်သာ ရှိသလို တိုက်ပွဲအချိန်ကြာမြင့်ပါက မလောက်ငှနိုင်ဘူးလို့ သိရပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှတိုက်ပွဲတွေလည်း များလာသလို Royal Brother Defence Force တပ်ဖွဲ့မှာ ကျည်ဆံလိုအပ်ချက်ရှိနေတာကြောင့် တော်လှန်ပြည်သူများအနေဖြင့် ပါဝင်ကူညီပေးဖို့ တပ်ဖွဲ့တာဝန်ခံက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်း ချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #တော်လှန်ရေးတပ်ဖွဲ့ #လက်နက်ငယ်ပြင်ဆင် #ကျည်ဆန်ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10