သေနတ်နဲ့ဝင်ပစ်ချိန်ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သေနတ်နဲ့ကျည်တွေ PDF သိမ်းဆည်း

သေနတ်နဲ့ဝင်ပစ်ချိန်ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သေနတ်နဲ့ကျည်တွေ PDF သိမ်းဆည်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ဝင်‌ရောက်ပစ်ခတ်စဥ် ထွက်ပြေးသွားပေမယ့် ကျန်ခဲ့တဲ့သေနတ်နဲ့ကျည်ဆံတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူး ကိုဇော်မင်းမိုးကို မတ် ၂၆ ရက် နေ့လယ် ၁ နာရီလောက်မှာ Hero Defense Force(မြင်းခြံ)နဲ့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ချိန် ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၄၃ ထောင့်ကို သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။  

“ ‘အုပ်ကြီးထွက်ခဲ့’ဆိုပြီး အိမ်ထဲဝင်ပစ်တာ။ သူကလည်း ပြန်ပစ်ရင်းထွက်ပြေးတာမှာ အိမ်နောက်ဖေးခြံစည်းရိုးတိုင်နဲ့ သေနတ်လွယ်ကြိုးက ငြိပြီးကျန်ခဲ့တာ”လို့ ဟု ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံ ကပြောပါတယ်။

နှစ်ဘက်ပစ်ခတ်ချိန် ကာကွယ်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့ပြီး ကိုဇော်မင်းမိုးကို ကျည်ထိ မထိကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ သူ့အိမ်ကို စစ်ကောင်စီတပ်သားတွေခေါ်ကာ  သူနဲ့မတည့်တဲ့ ရွာသားအချို့ကို ဖမ်းဆီး စစ်မေးတာတွေ ပြုလုပ်လေ့ရှိပြီး ထောက်ခံစာကိုလည်း ပိုက်ဆံနဲ့ရောင်းတာမျိုးတွေလုပ်တာကြောင့် ခုလိုသွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးမှူးရဲ့ သေနတ် သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကျေးရွာသားတွေကို ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ညနေကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ သားကျင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒေသတွင်း မဟာမိတ်တွေနဲ့ ပေါင်းကာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် သေနတ်နှင့် ကျည်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #အုပ်ချုပ်ရေးမှူး #ပစ်ခတ် #သေနတ်သိမ်းဆည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10