သေနတ် ၂ လက် ယူလာသူတွေကို ဆုငွေချီးမြှင့်တဲ့အပြင် ဂုဏ်ပြုဖို့ NUG ကိုတင်ပြ

သေနတ် ၂ လက် ယူလာသူတွေကို ဆုငွေချီးမြှင့်တဲ့အပြင် ဂုဏ်ပြုဖို့ NUG ကိုတင်ပြ

ရန်ကုန်တိုင်း၊ ဥက္ကံမြို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေဆီက သေနတ် ၂ လက် ယူဆောင်ခဲ့သူ ၂ ဦးကို ငွေသားချီးမြှင့်ခဲ့တဲ့အပြင် NUG အစိုးရက ဂုဏ်ပြုလက်မှတ်ပေးအပ်ဖို့အတွက်ပါ တင်ပြထားတယ်လို့ သာယာဝတီပကဖအဖွဲ့ဝင် တဦးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ဥက္ကံမြို့၊ ကျွန်းတောကုန်းအုပ်စု၊ သကြားစက်အနီး လျှပ်စစ်ဓာတ်အားပေးရုံးမှာ တပ်စွဲထားတဲ့ ဥက္ကံမြို့အခြေစိုက် အမှတ် ၂၀၁၇ လေကြောင်းရန် ကာကွယ်ရေးတပ် (လကတ ၂၀၁၇) တပ်ရင်းက ကပစ ထုတ် MA - 3 ချေမှုန်းရေး ရိုင်ဖယ် ၂ လက်နဲ့ 5.56 ကျည် ၄၀၀ လောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ညက ပြည်သူ ၂ ဦးက စစ်သားတွေ အိပ်ပျော်နေချိန်မှာ အရယူခဲ့တာလို့ ဆိုပါတယ်။


"ဟုတ်ပါတယ် အဲ့ဒီသေနတ် ၂ လက်ကို ဥက္ကံပြည်သူတွေက သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အပ်နှံပေးခဲ့တာပါ။ အခန့်မသင့်ရင် တပါတည်း မိမိအသက်ပါ ပေးဆပ်ရနိုင်တာကို သိသိနဲ့ အခုလိုအရဲစွန့်ပြီး သူနိုင်စွမ်းတဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ခဲ့တာပါပဲ" လို့ သာယာဝတီပကဖအဖွဲ့ဝင် ကိုလူအေး က ပြောပါတယ်။

လက်နက်တွေ အပ်နှံစဥ်က သူတို့ ၂ ဦးကို တဦးလျှင် ငွေကျပ် သိန်း ၆၀ စီ ပေးအပ်ခဲ့သလို လက်နက်တွေ စခန်းကို ရောက်ရှိအောင် စီစဥ်ပေးသူကိုလည်း ငွေကျပ် ၅ သိန်း ချီးမြှင့်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီသေနတ် ၂ လက်မှာ ကုဒ်နံပါတ် ∆G 631831 နဲ့ ∆AA 602998 ရေးသားထားပြီး လက်ရှိမှာ သာယာဝတီပကဖအဖွဲ့က တိုက်ပွဲတွေမှာ အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10