သဲကုန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သဲကုန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို ဒီဇင်ဘာ ၁၆ ရက်မနေ့ညက သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က သတင်းထုတ်ပြန်ထားပါတယ်။ 

သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု၊ ဓါးသွေးကျောက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၆၀ ကျော်အရွယ် ဦးကျော်ဝင်း (ခ) ကျော်ကြီးကို မနေ့ည  ၉ နာရီလောက်မှာ ဓါးသွေးကျောက်ကျေးရွာရှိ သူ့နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ ရဲဘော်တွေရောက်တော့ သူက အိမ်ထဲကနေ အပြင်ထွက်လာတုန်း ပစ်လိုက်တာမှာ ခေါင်းနဲ့ရင်ဘတ်ကို သေနတ်နဲ့  ၂ ချက်ပစ်ခဲ့တာ။ ခုခံချိန်တောင် မရဘူး၊ ပွဲချင်းပြီးသေသွားတယ်” လို့ PPDF ရဲ့ သတင်းပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။ 

ရှင်းလင်းပြီးနောက် ဦးကျော်ဝင်းဆီကနေ လက်ကိုင်ဖုန်းတလုံးကို သိမ်းယူခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဦးကျော်ဝင်းဟာ ပျူစောထီးဖွဲ့ဖို့ လူငယ်တွေကိုစည်းရုံးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကိုထောက်လှမ်းပြီး စစ်ကောင်စီကိုပေးပို့တာအပြင် သစ်သမားတွေနဲ့  ၂ လုံး ၃ လုံး လောင်းကစားဒိုင်တွေဆီကနေလည်း စစ်ကောင်စီအတွက် လိုင်းကြေးကောက်ပေးသူဖြစ်တာကြောင့် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ Wisdom အဖွဲ့နဲ့ တပ်ခွဲ ၅ နွေဦးအဖွဲ့တို့က ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပေါင်းတည်မြို့နယ် ကြို့ကုန်းအုပ်စု ကြို့ကုန်း(တောင်ပေါ်)ရွာက စစ်ကောင်စီခန့် ရာအိမ်မှူး ဦးခင်မောင်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

ပုံစာ - ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ဓါးသွေးကျောက်ကျေးရွာ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10