သဲကုန်းမြို့နယ်ကရာအိမ်မှူးတဦးသုတ်သင်ခံရ

သဲကုန်းမြို့နယ်ကရာအိမ်မှူးတဦးသုတ်သင်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်က ရာအိမ်မှူးတဦးကို ဇန်နဝါရီလ ၂၇ ရက်မနေ့ညက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း၃၆၀၂၊ TPDFတပ်ခွဲ ၄ က သတင်းထုတ်ပြန်ထားပါတယ်။

သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ အိုင်းကုန်းကျေးရွာက အသက် ၄၇ နှစ်အရွယ် ရာအိမ်မှူးကိုညီဂျော်(ခ)ထွန်းထွန်းနိုင်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြို့ပြပျောက်ကျားအဖွဲ့က မနေ့ည ၁၀ နာရီခွဲလောက်က သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

"ခြံဝင်းထဲကိုခေါ်ထုတ်ပြီးပစ်ခဲ့တာပါ၊ သေနတ်နဲ့ ၅ ချက်ပစ်တာ ၃ ချက်က ဦးခေါင်းနဲ့ရင်ဘတ်ကိုထိတယ်၊ ပွဲချင်းပြီးပါပဲ"လို့ TPDFရဲ့ သတင်းတာဝန်ခံကပြောပါတယ်။

ညီဂျော်ဟာ လောင်းကစားဝိုင်းတွေကိုလိုင်းကြေးတောင်းသလို စစ်သားတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းနေသူဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းပြီးရွေးကောက်ပွဲကျင်းပဖို့ အိမ်ထောင်စုစာရင်းကောက်ယူပေးတာ၊ ကျေးရွာပြည်သူလူထုကို စစ်ကောင်စီအားကိုးနဲ့ နိုင်ထက်စီးနင်းပြုတာ စတဲ့လုပ်ငန်းတွေကိုပူးပေါင်းလုပ်ကိုင်နေတာကြောင့် သုတ်သင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ၁၆ ရက်ကလည်း သဲကုန်းမြို့နယ်အတွင်းက ဆင်မြီးဆွဲလျှပ်စစ်ရုံးကို မြို့ပြပျောက်ကြားအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10