သဲကုန်းမှာ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်ပြီးအသတ်ခံရ

သဲကုန်းမှာ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်ပြီးအသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စုအုပ်ချုပ်ရေးမှူးကို ဇူလိုင် ၁၆ ရက်ညပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။

သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု၊ ကျွဲတဲရွာနေ အသက် ၅၀ နှစ်ကျော်အရွယ် အုပ်ချုပ်ရေးမှူး ကိုစိုးကြီးကို ည ၉ နာရီလောက်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ က သူ့နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့က အိမ်ရှေ့ကနေ အုပ်ကြီးရေလို့ လှမ်းခေါ်တုန်း အိမ်ထဲကနေထွက်လာပြီး အိမ်ရှေ့တန်းလျားမှာထိုင်မယ်အလုပ်မှာ သေနတ်နဲ့  ၂ ချက်ပစ်လိုက်တာ။ တခါတည်း သေသွားတယ်”လို့  ၃၆၀၁ PPDF တပ်ရင်းရဲ့  သတင်းပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။

ကိုစိုးကြီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီက ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဓါးသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး အသက် ၆၀ နှစ်ဝန်းကျင် ကိုကျော်ဝင်း(ခ)ကျော်ကြီး နေရာမှာ အစားထိုးဝင်လုပ်နေသူ ဖြစ်ပါတယ်။

သူဟာ စစ်မှုထမ်းစုဆောင်းရာမှာ တက်တက်ကြွကြွပါဝင်သူဖြစ်ပြီး အုပ်စုအတွင်းနေသူအချို့ကိုလည်း PDF ထောက်ပို့ဆိုပြီး တိုင်ကြား၊ ဖမ်းဆီးခိုင်းသူဖြစ်တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းကို ထောက်လှမ်းကာ စစ်တပ်ကိုသတင်းပေးနေသူဖြစ်တယ်လို့ PPDF တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။      

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် မနက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စုက အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးဝင်လုပ်တဲ့ တတိယမြောက်အုပ်ချုပ်ရေးမှူး ကိုဝင်းနိုင်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက  သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးတဲ့ အုပ်ချုပ်ရေးမှူးကိုစိုးကြီး။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ဓါးသွေးကျောက်အုပ်စု #အုပ်ချုပ်ရေးမှူး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10