သဲတောမြို့မှာ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

သဲတောမြို့မှာ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူကို ဖေဖော်ဝါရီ ၁၇ ရက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force - WTRF အဖွဲ့ဆီက သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် ပျူစောထီး‌ခေါင်းဆောင်ဆိုသူ နန္ဒကျော်ကို သဲတောမြို့က လက်ဘက်ရည်ဆိုင်တခုမှာ ထိုင်နေချိန် မနက် ၈ နာရီခွဲခန့်မှာ ဆိုင်ထဲ၀င်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"သဲတောက လက်ဖက်ရည်ဆိုင်မှာ ရှင်းခဲ့ပါတယ်။ ခေါင်းပိုင်းကို ၅ ချက် အနီးကပ်ပစ်ခဲ့တာပါ။ နေရာမှာ ပွဲချင်းပြီး သေသွားတယ် "လို့ WTRF အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ပစ္စတို ၁ လက်၊ ဖုန်း ၁ လုံး၊ နာရီ ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ လွယ်အိတ် ၁ လုံးနဲ့ ငွေသားတချို့တို့ သိမ်းဆည်းရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နန္ဒကျော်ဆိုသူဟာ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမူးရုံးမှာ အရေးပါသူတဦးဖြစ်ပြီး စစ်သားနဲ့ရဲတွေအတွက် မူးယစ်ဆေးတွေကို တာဝန်ယူရှာဖွေပို့ပေးတာ၊ တမြို့နယ်လုံးက ပျူစောထီးတွေကို စုစည်းပေးရတာနဲ့ ပျူ‌စောထီးတွေကို ခေါင်းဆောင်ပြီး ဒေသခံတွေကို လှည့်လည်ဒုက္ခပေးတာကြောင့် အခုလို ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဝမ်းတွင်းနဲ့ သဲတောမြို့မှာလည်း သူ့ကြောင့်ဖမ်းဆီးခံရသူတွေရှိသလို ဝမ်းတွင်းမြို့က ဖြစ်စဉ်တိုင်းကို မိတ္ထီလာမြို့၊ ရှမ်းတဲ လေတပ်စခန်းကို အမြဲသတင်းပို့ပေးနေသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီအတွက် ပြည်သူ့စစ် စုဆောင်းပေးနေသူတွေအနေနဲ့ အခုဖြစ်ရပ်ကို နမူနာယူပြီး ရပ်တန်းကရပ်ကြဖို့ WTRF အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ဝမ်းတွင်း #သဲတော #ပျူစောထီး #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10