သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN အမြဲတမ်းသံအမတ်အဖြစ်ခန့်ထားဖို့ မြောင်နယ်ကပြည်သူတွေ ဆန္ဒထုတ်ဖော်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN အမြဲတမ်းသံအမတ်အဖြစ်ခန့်ထားဖို့ မြောင်နယ်ကပြည်သူတွေ ဆန္ဒထုတ်ဖော်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN အမြဲတမ်းသံအမတ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထပ်မံခန့်အပ်ဖို့ စစ်ကိုင်းကိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းက ပြည်သူတွေက စက်တင်ဘာ ၁၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ Youths for community - Myaung မြောင်လူငယ်ကွန်ရက်အဖွဲ့ဆီက သိရပါတယ်။

" ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက လက်ရှိသံအမတ်နေရာမှာ ဦးကျော်မိုးထွန်းကို ပြန်လည်ခန့်ထားပေးဖို့ တောင်းဆိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်။ ဦးကျော်မိုးထွန်းကို ဆက်ပြီးခန့်ထားဖို့ လိုအပ်နေတာကို ဝန်းရံပေးကြတာပါ" လို့ YFC အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအမရာမှူးက မြေလတ်အသံကိုပြောပါတယ်။

ပြည်သူအင်အား ၃၅၀ ကျော်ပါဝင်ကာ  "ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကိုဆန့်ကျင်ပါ" စတဲ့ စာတန်းပါဘန်နာတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒီလှုပ်ရှားမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ်ပကဖနဲ့ ပလဖအဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြိုင် #ဦးကျော်မိုးထွန်း #UN #အမြဲတမ်းကိုယ်စားလှယ် #ခန့်အပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10