သွေးပျက်နေတဲ့ စစ်ကောင်စီတပ် (ရုပ်သံဆောင်းပါး)

အညာတခွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ နှစ် ၇၀ ကျော်သက်တမ်းရှိ စစ်ကောင်စီတပ်နဲ့ လက်လုပ်သေနတ်ဆွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကိုစခဲ့တဲ့ စစ်ရေးအတွေ့အကြုံ ၂ နှစ်ဝန်းကျင်သာရှိသေးတဲ့ အညာသားတွေရဲ့ တိုက်ပွဲဖြစ်ပါတယ်။

နိုဝင်ဘာပထမပတ်ကစလို့ အညာတော်လှန်ရေးသမားတွေရဲ့ ထိုးစစ်မှာ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ထီးချိုင့်၊ ဝန်းသို၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ ချပ်သင်း၊ ကလေး၊ တမူး၊ ဂန့်ဂေါ၊ ချောင်းဦး၊ မြောင်စတဲ့မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းတွေနဲ့ အုပ်ချုပ်ရေးရုံးတွေ တခုပြီး တခု အသိမ်းခံနေရပါတယ်။

ဒါ့အပြင် စစ်ကိုင်းအထက်ပိုင်းက ခရိုင်မြို့တခုဖြစ်တဲ့ ကောလင်းမြို့နဲ့ အန္ဒိယနပ်စပ် တမူးမြို့နယ်ထဲက ခမ်းပတ်မြို့တို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားနိုင်ခဲ့ပါပြီ။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #သွေးပျက်နေတဲ့စစ်ကောင်စီတပ် #အညာ #တော်လှန်ရေး #ထိုးစစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10