ဟန်လင်းမြို့ဟောင်းထဲက စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဟန်လင်းမြို့ဟောင်းထဲက စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဟန်လင်းမြို့ဟောင်းထဲမှာ တနှစ်ကျော်ကြာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Forceက တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဟန်လင်းမြို့ဟောင်းမှာ အိမ်ခြေ ၁ ထောင်ဝန်းကျင်လောက်ရှိပြီး စစ်တပ်ကဒေသခံပျူစောထီးတွေနဲ့ပေါင်းက ပြီးခဲ့ ၁ နှစ်ကျော်လောက်ကစလို့ လာရောက်တပ်စွဲလို့ ဒေသခံအများစုဟာ ရွာကိုစွန့်ခွာသွားကြတာလို့ ဆိုပါတယ်။

ဟန်လင်းမြို့ဟောင်းထဲက စစ်သားနဲ့ပျူတွေ စခန်းချနေတဲ့နေရာကို ဒရုန်း ၂ စင်းသုံးပြီး ဗုံးသီး ၅ လုံးချတဲ့အပြင် ရော့ကက် ၈ လုံးနဲ့ပါပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

“ ဟန်လင်းထဲမှာက စစ်**တွေက လူမနေတဲ့ပြည်သူ့အိမ်တွေ တက်နေပြီးစခန်းလုပ်ကြတာ။ ဖရဲသီးသတင်းနဲ့ချရတာ ထိထိမိမိရှိပါတယ်“ လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

တိုက်ခိုက်ခံရလို့စစ်အုပ်စုဘက်က ၂ ဦးသေကာ ၇ ဦးဒဏ်ရာရပြီး အသေးစိတ်ကို ထပ်မံစုံစမ်းနေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်အုပ်စုဘက်ကလည်း ၆၀ မမနဲ့ ၄ ချက်ပြန်ပစ်တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရွှေဘိုခရိုင်တပ်ရင်း ၁၅  ဗိုလ်ကောက်ရိုး၊ ကျောက်ဆည်နဂါးနီတပ်ရင်း ၁ ၊ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ (လေသူရဲဒရုန်းတပ်ဖွဲ့)တို့ ပူးပေါင်းခဲ့တာလို့သိရပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ အဖွဲ့ဟာ မဟာမိတ်တွေနဲ့ပေါင်းပြီး ဇူလိုင် ၂၁ ရက် မနေ့ကလည်း ဝက်လက်မြို့ကနေရွှေဘိုမြို့ကိုပြန်လာတဲ့ အင်အား ၁၀၀ ပါစစ်အုပ်စုကို ရွှေဘို - မန္တလေးလမ်းတလျှောက်ကနေတိုက်ခိုက်ခဲ့လို့ စစ်အုပ်ဘက်က ထိခိုက်သေဆုံးခဲ့ကြပါသေးတယ်။

ပုံစာ - ဟန်လင်းပျူမြို့ဟောင်းက်ို ဒရုန်းသီးချတိုက်ခိုက်မှုမြင်ကွင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဟန်လင်းမြို့ #ဒရုန်း #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10