ဟောင်းနွမ်းပျက်စီးနေတဲ့ PDF စခန်းတခု ပြန်တည်ဆောက်ဖို့ အကူညီ လိုအပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက Local PDF စခန်းတခု ပျက်စီးနေတာကြောင့် ပြန်လည်ဆောက်လုပ်ဖို့အတွက် ငွေကြေးအကူညီလိုအပ်နေတယ်လို့ ပေါက် နွေဦးပြောက်ကျားတပ်ဖွဲ့ ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်ယက္ခက ပြောပါတယ်။

အဲဒီစခန်းကို ၂၀၂၂ ဇွန်လက တည်ဆောက်ထားတာဖြစ်ပြီး ခြစား ပျက်စီးတာတွေလည်း ရှိသလို ထန်းလက်တွေ မိုးထားတာဖြစ်လို့  မီးလည်း ကြောက်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ စခန်းအဆောက်အဦကို ပြုပြင်ဖို့ လုပ်ဆောင်နေတဲ့အတွက် တပ်ဖွဲ့ ဝင်တွေဟာ  အနီးနားဝန်းကျင်က ကျေးရွာအတွင်းမှာပဲ နေထိုင်ကြတယ်လို့ ပြောပါတယ်။

ပေါက် နွေဦးပြောက်ကျားတပ်ဖွဲ့ဟာ Local အဖွဲ့ဖြစ်ပြီး ဒေသတွင်းက ပေါက်၊ မြိုင်မြို့နယ်တို့က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ကူခေါ်ပါက လိုက်လံတိုက်ခိုက်ပေးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း ပေါက်မြို့နယ်ထဲက မကျီးစင်ရွာ PDF စခန်းကင်းကို စစ်အုပ်စုက လာရောက်တိုက်ခိုက်လို့ ပေါက် နွေဦးပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးငယ်နဲ့ ပစ်ကူတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပေါက် #နွေဦးပြောက်ကျား #စခန်း #ဆောက်လုပ် #အကူအညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10