အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ထီးချိုင့်ကနေ အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ မတ်လ ၁၂ ရက် ဒီနေ့ မနက် ၈ နာရီလောက်မှာ ကသာ-နဘားကားလမ်း ကျောက်ခွဲစက်အနီးမှာ မိုင်းဆွဲခံရလို့ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရပါတယ်။
 
အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄၆ စီးကို KIA/KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ကား ၂ စီးထိခိုက်သွားတဲ့အပြင် အများအပြားထိခိုက်သေဆုံးသွားတယ်လို့လည်း Indaw Revolutio –IR မှတာဝန်ရှိသူတဦးက ပြောပါတယ်။
 
"ကားက ၄၆ စီးထွက်လာတာ ၄၄ စီးပဲ အင်းတော်ကိုရောက်ခဲ့တယ်။ ထိသွားတဲ့ကား ၂ စီးကိုလည်း အိမ်စီးကားတွေနဲ့ စွဲသွားတယ်။ စခတွေဘက်က ထိခိုက်မှုကို ကျနော်တို့ကို သတင်းပေးနေကြသူတွေရှိတယ် သူတို့ဆီကနေတဆင့် သိရတာ" လို့ ဆိုပါတယ်။
 
မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်တွေနဲ့အနည်းငယ်ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကို အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ယခုလက်ရှိအချိန်မှာ ယင်းစစ်ကောင်စီတပ်ဖွဲ့ဟာ အင်းတော်မြို့ထဲက စက်ကုန်းဘုန်းကြီးကျောင်း၊ လက်ပံကုန်းဘုန်းကြီးကျောင်း၊ လဝကရုံးနဲ့ အင်းတော်ဘောလုံးကွင်းထဲမှာ တပ်ဆွဲထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့တုန်းကလည်း အင်းတော်မြို့နယ် နားရခေါင်ရွာက ကားလမ်းမှာ ဂိတ်ချပြီး ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရဟန်းတွေကို ဆွမ်းချိုင့်ပို့နေတဲ့ ဆိုင်ကယ် ၆ ဆီးကိုဖမ်းဆီးထားတဲ့အပြင် ခရီးသွားပြည်သူတွေဆီကနေ လက်ကိုင်ဖုန်း ၆ လုံးကိုလည်းသိမ်းဆည်းထားခဲ့ပါသေးတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10