အင်းတော်မှာ အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံး

အင်းတော်မှာ အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂၆ ရက်နေ့လယ် ၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် မဲဇာရပ်ကွက်ထဲကို ကျရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီရပ်ကွက်ထဲက အမျိုးသား ၁ ဦး အမျိုးသမီး ၂ ဦးကို ကျည်ထိမှန်ခဲ့တာပါ။ 

အဲ့ဒီနောက် နိုဝင်ဘာ ၂၇ ရက် ကျည်ထိမှန်သူ ၃ ဦးထဲက အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အလောင်းကိုတော့ အဲ့ဒီနေ့မှာပဲ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကျန်အမျိုးသမီး ၁ ဦးကတော့ ခြေထောက်ဖြတ်ရမယ့်အနေအထားရှိကာ အမျိုးသားကတော့ ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

“သူတို့(စကစ) အခုလို လက်နက်ကြီးတွေနဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များနေပြီ။ စစ်တပ်ကုန်းကနေ ပစ်လိုက် ရဲစခန်းကနေ ပစ်လိုက်နဲ့ ရွာထဲကအိမ်တွေဆို အမိုးတွေမှာ အပေါက်တွေ ချည်းပဲ” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်ကလည်း အင်းတော်မြို့၊ စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ နဘားကျေးရွာက စိုက်ပျိုးရေးလုပ်နေတဲ့ သားအမိနှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၄၂၀၄ ဦး ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသမီးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10