သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ် ၁၃ ရက် မနေ့က ၁၀ နာရီခွဲလောက်မှာ မြို့နယ်အဆင့် အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေချိန် စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ကျောင်းဆရာတဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းမှာ ပညာရေးဝန်ထမ်းနဲ့ မြို့နယ်ပအဖအဖွဲ့ဝင် တွေ အ စည်းအဝေးကျင်းပဖို့ပြင်ဆင်နေချိန် တံတားဦးလေတပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ်တစီးက စာသင်ကျောင်းဝန်းထဲကို ဗုံး ၂ လုံးကြဲချခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။
“ဗုံးသီးက ပေါင် ၃၀၀ နဲ့ ၅၀၀ တခုခုပဲ၊ ၂ လုံးကြဲသွားတယ်။ သေဆုံးသူက အသက် ၃၀ အရွယ် အလယ်တန်းပြ CDM ကျောင်းဆရာတဦးပါ။ သူက အာဏာစသိမ်းကတည်းက CDM လုပ်ခဲ့တာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာ ၁ ဦးသေဆုံးခဲ့သလို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းဆောင်နဲ့ ကား ၁ စီးလည်း ပျက်စီးခဲ့ကာ သေဆုံးတဲ့ကျောင်းဆရာကိုတော့ မနေ့ကပဲ ချက်ချင်းသင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဂဝံလေးတိုင်ကျေးရွာအပါအဝင် ရွာနားနီးစပ်ကျေးရွာက ဒေသခံတွေကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လေကြောင်းရန်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းဆောင်နှင့်ကား။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ဂဝံလေးတိုင် #စစ်ကောင်စီ #ဗုံးကြဲ #CDMကျောင်းဆရာ #သေဆုံး
Share Share Share