"အဆုံးထိတော်လှန် ပြည်သူ့အားမာန်" (Photo News)

"အဆုံးထိတော်လှန် ပြည်သူ့အားမာန်" (Photo News)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျေးရွာတရွာမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲတခုပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတဦးဆီက သိရပါတယ်။ 

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း၊ လက်ပံတောင်းဒေသ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေလည်းပါဝင်ပြီး "အဆုံးထိတော်လှန်ပြည်သူ့အားမာန်၊ စစ်ခွေးထွက်ပြေး ၂၀၂၄" စာသားအပါအ၀င် တော်လှန်ရေးဆောင်ပုဒ်တွေရေးသားတဲ့ ဘန်နာတွေကို ကိုင်ဆောင်ပြီး သပိတ်စစ်ကြောင်းလှည့်လည်ခဲ့ကြတာပါ။ 

ဒါ့အပြင် ဆန္ဒထုတ်ဖော်ချိန်မှာ Salingyi People's Defence Force - SPDF ရဲဘော်တွေကလည်း လုံခြုံရေးယူပေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

 

#စစ်ကိုင်း #ဆားလင်းကြီး #လူထုသပိတ် #ဆန္ဒထုတ်ဖော် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10