အညာဒေသက PDF တပ်ဖွဲ့တွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပွဲပြုလုပ်

အညာဒေသက PDF တပ်ဖွဲ့တွေမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရပွဲပြုလုပ်

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေမှာ ဇွန် ၁၉ ရက် ဒီမနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အဖြစ် အမှတ်တရပွဲတွေပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီတပ်ဖွဲ့တွေဆီက သိရပါတယ်။

အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ ပခုက္ကူခရိုင် Shwe Nyar Myae PDF၊ Khut Dawn Company Saw PDF၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ၃ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ကို ဆုတောင်းရင်း ပန်းသပိတ်ပြုလုပ်ခဲ့ကြတာပါ။ 

“အမေစု ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ဘေးအန္တရာယ်ကင်းဝေးပါစေ” လို့ ဆုတောင်းခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဥ်းသားအားလုံးလည်း အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #အညာ #မွေးနေ့ #ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10