အညာပစ်တိုင်းထောင်က စာသင်ဆောင် ၁ ဆောင် ဆောက်လုပ်လှူဒါန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းမြို့ နယ် ပြည်သူ့အခြေပြုအထက်တန်းကျောင်း - ပ.ထ.က မှာ မေ ၂၁ ရက်က စာသင်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီကျောင်းမှာ ကြားကာလပညာသင်ကြားနေတဲ့ G-12 ကျောင်းသား/သူများအတွက် လိုအပ်နေတဲ့ စာသင်ဆောင် ၁ ဆောင်ကို ထန်းလက်မိုး၊ ထရံကာ၊ သစ်သားနဲ့ ဟော်လိုသံပိုက်ကို အသုံးပြုကာ အုတ်ဖိနပ်ခံတည် ဆောက်ထားပြီး တန်ဖိုး ၃၁၃၆၉၅၀ (သုံးဆယ့်တသိန်း)ကျော် ဆောက်လုပ်ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ဆရာ/မများနဲ့ ကျောင်းသား/သူဦးရေ ၅၀၀ ကျော်ကိုလည်း မုန့်ဟင်းခါးနဲ့ မုန့်များ ကျွေးမွေးခဲ့ပြီး ကျွေးမွေးစရိတ် ၄၇၃၆၅၀ ကျပ် (လေးသိန်းခုနှစ်သောင်း) ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ ၃ နှစ်ကျော် ကာလအတွင်း ပြည်တွင်း၊ ပြည်ပရှိပြည်တွေရဲ့ လှူဒါန်းငွေတွေကို စုဆောင်းပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့က မြို့နယ် ၄ မြို့နယ်အတွင်း စာသင်ဆောင် ၆ ဆောင်အထိ ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ဆောင်များအနေနဲ့ ဆားလင်းကြီးမြို့ နယ်မှာ စာသင်ဆောင် ၂ ဆောင်၊ ကနီမြို့နယ်မှာ စာသင်ဆောင် ၂ ဆောင်၊ ပုလဲမြို့နယ်မှာ စာသင်ဆောင် ၁ ဆောင်နဲ့ ဘုတလင်မြို့နယ်မှာ စာသင်ဆောင် ၁ ဆောင် တို့ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ဆားလင်းကြီး #စာသင်ဆောင် #လှူဒါန်း #အလှူရှင်ပြည်သူများ #အညာပစ်တိုင်းထောင်အဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10