အညာမြေအတွက် မောင်းပြန် ၅ လက်ဝယ်ယူနိုင်ရေး ကမ်ပိန်း MBT အဖွဲ့ပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ Myingyan Black Tiger အဖွဲ့က အညာမြေမှာ မုန်တိုင်းထန်ဖို့ MBT အဖွဲ့ကို မောင်းပြန် ၅ လက်၊ ကျည် ၅၀၀၀ ထောက်ကူစို့ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ စစ်ဒဏ်ကို အလူးအလည်းခံနေရတဲ့ အညာဒေသပြည်သူတွေအတွက် စစ်ကောင်စီလက်အောက်ခံမှန်သမျှကို ကြမ်းတမ်းတဲ့တိုက်စစ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဗျူဟာတွေနဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ Local အဖွဲ့ဖြစ်သလို ထောက်ပံမှုအနေနဲ့မည်သည့်အဖွဲ့အစည်းထံမှ မရရှိခဲ့ဘဲ၊ရင်းနှီးတဲ့မိတ်ဆွေတွေက ကူညီထောက်ပံ့ခဲ့လို့ လက်လုပ်သေနတ်၊ လက်လုပ်မိုင်း၊လက်လုပ်ပခုံးထမ်းလောင်ချာတွေနဲ့ စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ရဲဘော် ၇ ဦးနဲ့စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ မြင်းခြံမြို့နယ် အခြေစိုက်တပ်ဖွဲ့တခုဖြစ်ပြီး အဖွဲ့မှာ မြင်းခြံဒေသခံတွေသာမကဘဲ၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ အစရှိတဲ့မြို့နယ်တွေက ရဲဘော်တွေပါဝင် ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကလည်း ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ကို လက်လုပ်သေနတ်တွေနဲ့တိုက်ခိုက်ခဲ့ရပြီး၊ ၂ ရက်တာ တိုက်ပွဲမှာ ကျည်မလုံလောက်တဲ့အတွက် ပြန်ဆုတ်ခွာခဲ့သလို၊ ကျဆုံးခဲ့တဲ့ရဲဘော်နဲ့ ဒဏ်ရာရခဲ့တာတွေလည်း ရှိတယ်လို့သိရပါတယ်။

ကမ်ပိန်းကာလကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ၂ လတာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ 
တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #မန္တလေးတိုင်း #မြင်းခြံ #MyingyanBlackTiger #အညာမြေကမ်ပိန်း #မောင်းပြန်သေနတ် #စစ်ကောင်စီ #နွေဦးတော်လှန်ရေး

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10