အညာမှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြ (ရုပ်သံ)

အညာမှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ပါဝင်သူတဦးဖြစ်တဲ့ မချောစုဟန်က ပြောပါတယ်။

မတ်လ ၂၅ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့  ဒေသခံ ပြည်သူ ၁၀၀၀ ဝန်းကျင်ခန့် ပါဝင်ကာ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့အတွင်း သေဆုံးသူ၊ ထွက်ပြေးသူ၊ လက်နက်ချသူတွေအပြင် ဒဏ်ရာရဦးရေတွေများနေသလို တပ်သားသစ်ဝင်ရောက်သူ နည်းပါးနေတဲ့အတွက် ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်မှာ  အာဏာတည်ကြောင်း  စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။ 

စစ်မှုထမ်းရာမှာ အမျိုးသားတွေ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အမျိုးသမီးတွေကို အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း သတ်မှတ်ထားပြီး  ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အတတ်ပညာ တရပ်ရပ်နဲ့ အသက်မွေး ဝမ်းကျောင်းနေသူတွေကို အမျိုးသား အသက် ၁၈ နှစ်ကနေ ၄၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10