အထက်တန်းကျောင်းသူ ၁ ဦးကို အဓမ္မပြုကျင့်သူကို ဖမ်းဆီးအမှုဖွင့်ထား

အထက်တန်းကျောင်းသူ ၁ ဦးကို အဓမ္မပြုကျင့်သူကို ဖမ်းဆီးအမှုဖွင့်ထား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ အထက်တန်းကျောင်းသူ ၁ ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသားကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ 

အဓမ္မပြုကျင့်ခဲ့သူဟာ ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးအုပ်စု၊ ပေရွာကြီးရွာက ငလင်း (ခ) သန်းဇော်လင်းဖြစ်ပြီး ဩဂုတ် ၁ ရက်မှာ နစ်နာသူမိန်းကလေးရဲ့မိခင်ကသိရှိပြီး ရဲကိုတိုင်ကြားခဲ့တာလို့ ဆိုပါတယ်။ 

“ဖြစ်တာက တလလောက်ရှိနေပြီ။ အဲ့ဒါကို ငလင်းက စွယ်တော်ရွာသားတယောက်က မုဒိန်းကျင့်သွားတယ်ဆိုပြီး ကောင်မလေးမိဘတွေကို လိမ်တိုင်တာ။ ကောင်မလေးအမေက သမီးကိုပြန်မေးရင်းနဲ့ ငလင်းဆိုတာကို သိသွားပြီးရဲတိုင်တာ။” လို့  မြို့ခံတဦးက ပြောပါတယ်။

သန်းဇော်လင်းဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်မှာ တရွာတည်းနေ အသက် ၁၄ နှစ်အရွယ် Grade 10 ကျောင်းသူကို မိဘတွေကောက်စိုက်သွားနေချိန်မှာ ခြိမ်းခြောက်ပြီး အဓမ္မပြုခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ သူ့ကို ပန်းတောင်းမြို့မရဲစခန်းမှာ အဓမ္မမှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သန်းဇော်လင်းဟာ အဓမ္မပြုခံရသူနဲ့ ဆွေမျိုးနီးစပ်တော်ပြီး အဲ့ဒီအိမ်ကို မကြာခဏ သွားလာနေသူဖြစ်တယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကလည်း ပန်းတောင်းမြို့နယ်၊ မကြီးထုံးအုပ်စု၊ သဲဖြူလေးရွာက အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုဖို့ကြံစည်ပြီးနာက် အော်ဟစ်အကူအညီ တောင်းတဲ့အတွက် အဆိုပါမိန်းကလေးငယ်ရဲ့ဦးခေါင်းကို ကျောက်ခဲနဲ့ ထုသတ်ခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပန်းတောင်း #အဓမ္မ #အမှုဖွင့် #မှုခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10