သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းမြို့နယ်၊ အုန်းတောလမ်းနဲ့ ညောင်ပင်ဝန်းလမ်းကြားမှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၆ နာရီကျော်လောက်မှာ အန်စာတုံးကားနဲ့ အင်အား ၁၅ ယောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထွက်လာတယ်လို့ ကြိုတင်သတင်းရရှိလို့ သွားရောက်စောင့်နေခဲ့ပြီး ရောက်ရှိလာချိန်မှာတော့ ပဒေသာမိုင်း ၃ လုံး ဆွဲခဲ့တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မုန်တိုင်းက မြေလတ်အသံကို ပြောပါတယ်။
“မိုင်းဆွဲလိုက်တဲ့ အချိန် ၄ ယောက် ကျသွားပြီး ၃ ယောက် ဒဏ်ရာရသွားတာကို နီးစပ်ရာတွေဆီက သိရတယ်။ မိုင်းဆွဲခံရပြီးတော့ သူတို့က မြင်းမူဘက်ကို မောင်းသွားပြီး မြင်းမူ ဆေးရုံမှာ ဒဏ်ရာရတဲ့သူ ၃ ယောက်ထဲက တယောက်က ကျသွားတယ်။ မြင်းမူဘက်မှာ ရောက်တော့ ထိခိုက်သေဆုံးတာတွေကို ပိုပြီးတော့ အတည်ပြုနိုင်တာပါ” လို့ ဗိုလ်မုန်တိုင်းက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အခုလို စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းဆွဲတိုက်ခဲ့တာဟာ အကြိမ်ရေ ၂၀ ထက်မနည်း ရှိနေပြီးဖြစ်ကြောင်း နဲ့ ဒီနေ့ တိုက်ခိုက်မှုကိုလည်း မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ Dragon GZ တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
#မြေလတ်အသံ
Share Share Share