သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက်တပ်ရင်းရဲ့အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲကို တပ်ရင်းတနေရာမှာ အောက်တိုဘာ ၉ ရက် မနက်၉နာရီကနေ ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။
အပတ်စဉ် ၁ မွမ်းမံသင်တန်းကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၁၊၂၊၃ က ရဲဘော်တွေကို ရွေးချယ်ကာ အောက်တိုဘာ ၂ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မွမ်းမံသင်တန်းပြီးဆုံးတဲ့နေ့မှာပဲ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တာလို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်းက သင်တန်းသားစုစုပေါင်း ၆၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး၃ ဦးလည်းပါဝင်တယ်လို့ တပ်ရင်း ၁၉ ရဲ့ထောက်လှမ်းရေးတာ၀န်ခံ ကိုမိုက်ကယ် က ပြောပါတယ် ။
"အဓိက သင်တန်းပေးဖြစ်တာက ရဲဘော်တွေ Chain of Commend ဆိုတဲ့ အမိန့်နာခံမှု အားကောင်းစေရန်၊ ရဲဘော်တယောက်ချင်းစီတိုင်းရဲ့ကျင့်ဝတ်တွေဖြောင့်မတ်မှန်ကန်မှုရှိစေဖို့၊ ရည်ရွယ်ပြီးတော့ အဓိကသင်တန်ပေးဖြစ်တာပါ။" လို့ တပ်ရင်း ၁၉ ရဲ့ထောက်လှမ်းရေးတာ၀န်ခံ ကိုမိုက်ကယ် က ပြောပါတယ်။
သင်တန်းဆင်းပွဲမှာ တပ်ရင်းအရာရှိတွေ၊ ဦးစီးခေါင်းဆောင်တွေ၊ တပ်ခွဲမှူးတွေက မိန့်ခွန်းစကားပြောတာ၊ ထူးချွန်ရဲဘော်တွေကို ဆုချီးမြှင့်တာအပြင် သင်တန်းသားရဲဘော်တွေက သီချင်းသီဆို ကပြတာတွေကိုပါ ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
စာတည်း - HP
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #မွမ်းမံသင်တန်း #သင်တန်းဆင်းပွဲ
Share Share Share