အမျိုးသမီးနဲ့ကလေးတွေကို အကြမ်းမဖက်ရေး လှုပ်ရှားခဲ့ကြတဲ့ အညာမြေ (ရုပ်/သံ)

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးနဲ့ ကလေးငယ်များ အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီလှုပ်ရှားတွေကိုတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ရှိနေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ သပိတ်ကော်မတီတွေက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီးနဲ့မိန်းကလေးများကို ကာကွယ်ဖို့ အတူအကွ ပါဝင်ပံ့ပိုးစို့ ဆိုတဲ့ ပိုစတာစက္ကူတွေကို ကိုင်ဆောင်တာ ကလေးငယ်တွေကို ပညာပေးဟောပြောတာတွေ လုပ်ဆောင်ခဲ့ကြတာပါ။

တိုင်းပြည်ကို ဘယ်လိုအစိုးရမျိုး အုပ်ချုပ်နေပါစေ အမျိုးသမီးတွေအတွက် တန်းတူအခွင့်ရေးရဖို့နဲ့ ကလေးသူငယ်တွေအတွက် အိမ်တွင်းအကြမ်းဖက်မှုတွေကိုလည်း ပပျောက်စေချင်တယ်လို့ ဆိုကြပါတယ်။

စစ်အာဏာရှင် လက်ထက်မှာ အမျိုးသမီးနဲ့ကလေးတွေအပေါ် အကြမ်းဖက်တာ ပိုများလာသလို စစ်ဆေးရေးဂိတ်တွေမှာ ရိုင်းစိုင်းစွာပြောခံရတာ ကိုယ်ထိလက်ရောက်ကျူး လွန်တာတွေ ရှိနေပါတယ်လို့ မကွေးတိုင်း ပခုက္ကူမြို့နေ အခြေစိုက် Young force - UG တပ်ဖွဲ့ တာဝန်ခံကလည်း ပြောပါတယ်။

စစ်အာဏာရှင်စနစ်နဲ့အတူ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ဖိနှိပ်အကြမ်းဖက်တာတွေကို တခါတည်းတိုက်ထုတ်သွားချင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနဲ့ကလေးငယ်များကို အကြမ်းဖက်မှုပပျောက်ရေးနေ့ အကြိုအဖြစ် လူထုနဲ့သပိတ်ကော်မတီတွေပူးပေါင်း လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #မကွေးတိုင်း #လူထုလှုပ်ရှားမှု #သပိတ်ကော်မတီ #အမျိုးသမီး #ကလေးသူငယ် #အကြမ်းဖက်မှုပပျောက်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10