အမှုစစ်ရာမှာ မလွဲမှားစေဖို့ ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တွေကို အမှုစစ်သင်တန်း ပြုလုပ်ပေး

အမှုစစ်ရာမှာ မလွဲမှားစေဖို့ ပုလဲမြို့နယ် ပလဖအဖွဲ့ဝင်တွေကို အမှုစစ်သင်တန်း ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကို အခြေခံအမှုစစ်သင်တန်း ပြုလုပ်ပေးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။  

ပြည်သူတွေရဲ့လုံခြုံရေးအတွက် အမှုကိစ္စတွေဖြစ်လာတဲ့အခါ တရားဥပဒနဲ့အညီ လုပ်ကိုင်နိုင်ဖို့နဲ့ မလွဲမှားဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ရဲမှူးကိုယ်တိုင် မြေပြင်လာရောက်ပြီး သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

 "မြို့နယ်မှာ အမှုအခင်းဖြစ်လို့ စစ်ဆေးဆုံးဖြတ်တာနဲ့ အမှုတွဲတည်ဆောက်တဲ့အခါ အတွေ့ အကြုံ မရှိတော့ လွှဲမှားတာတွေ မဖြစ်အောင်လို့ပါ။ ပလဖ အဖွဲ့ကို ပေးထားတဲ့တာဝန်တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်နိုင်ဖို့ ခုလိုသင်တန်းလုပ်ပေးခဲ့တာပါ" လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က မြေလတ်အသံကို ပြောပါတယ်။ 

အခြေခံအမှုစစ်သင်တန်းကို ဩဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၉ ရက်အထိ ၁၅ ရက်ကြာသင်ကြားခဲ့ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။  

သင်တန်းဆင်းပွဲကိုတော့ စက်တင်ဘာလ ၉ ရက် မနေ့က ပြုလုပ်ခဲ့ပြီး သင်တန်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ရဲချုပ်လက်မှတ်ဖြင့်  သင်တန်းဆင်းလက်မှတ် ပေးခဲ့တယ်လို့ ကိုဇော်ထက်က ပြောပါတယ်။

စာတည်း - လင်း

 #မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #အမှုစစ်သင်တန်း #ပလဖ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10