အရပ်ဝတ်နဲ့ကွမ်းယာလာဝယ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ တဦးသေဆုံး

အရပ်ဝတ်နဲ့ကွမ်းယာလာဝယ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ တဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ သာစည်ရွာနယ်မြေရဲစခန်းက စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၂ ဦး မေလ ၂၀ရက်နေ့လယ် ၁၂ နာရီလောက်မှာ ကျေးရွာထဲကို ကွမ်းယာလာဝယ်ချိန် ပစ်ခတ်ခံရလို့ တဦး သေဆုံးသွားတယ်လို့PDF အဖွဲ့ဝင်တွေဆီကသိရပါတယ်။

သာစည်ရဲစခန်းကနေ မီတာ ၁၀၀ ကျော်သာအကွာအဝေးရှိတဲ့ ကျေးရွာထဲကို အရပ်ဝတ်နဲ့ ကွမ်းယာလာဝယ်စဉ် အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း၂၄ တပ်ခွဲ (၁) က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။


“အဲဒီစခန်းထဲကရဲတွေက နေ့တိုင်းဆိုသလိုရွာထဲကိုလာပြီးအရက်၊ ကွမ်းယာတွေ လာဝယ်တာမျိုးတွေ လုပ်တယ်။အဲဒီနေ့ကလည်း သူတို့ကွမ်းလာဝယ်တုန်း အလစ်အငိုက် ပစ်ခတ်ခဲ့တာပါ။ ထိသွားတဲ့တ ယောက်က ရင်ဘတ်ကိုထိသွားတာ ကျန်တဲ့တယောက်ကတော့ လွတ်သွားတယ်”လို့ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်ပွားပြီတဲ့နောက်မှာတော့ သာစည်ရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲအင်အား ၂၀ နီးပါးဟာ ကျေးရွာထဲကိုသေနတ်ပစ်ဖောက်ဝင်ရောက်လာကာအော်ဟစ်ဆဲဆိုနေတယ်လို့လည်း ဆိုပါတယ်။
 
ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၂၄ ) နဲ့အတူ မုံရွာခရိုင်တပ်ရင်း(၂၅)တပ်ခွဲ(၄)၊ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့(မုံရွာ) တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
 
မုံရွာမြို့ပေါ်စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနယ်မြေရဲစခန်းတွေ မကြာခဏပစ်ခတ်ခံနေရပြီး ပြီးခဲ့ တဲ့ ဧပြီလ ၂ ရက်နေ့ မနက်အစောပိုင်းကလည်းမုံရွာမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
 
စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ
#မုံရွာ #သာစည် #နယ်မြေရဲစခန်း #ရဲတပ်ဖွဲ့ဝင်#ပစ်ခတ်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10