အရပ်ဝတ်နဲ့လာတဲ့ ဒုရဲအုပ် PDF လက်ချက်နဲ့သေဆုံး

အရပ်ဝတ်နဲ့လာတဲ့ ဒုရဲအုပ် PDF လက်ချက်နဲ့သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ ဒုရဲအုပ်တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ Natogyi People Defence Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

နွားထိုးကြီး-မြို့သာလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်  ၂ နာရီခန့်က NPDF ရဲဘော်တွေ ရှောင်တခင်စစ်ဆေးနေချိန် နွားထိုးကြီးဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို သံသယရှိတဲ့အတွက် ဆိုင်ကယ်ရပ်ခိုင်းစဥ် စစ်ဆေးမခံဘဲ ထွက်ပြေးတာကြောင့် ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

သေဆုံးသူဟာ ဝက်လူးနယ်မြေရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ် ကျော်ဆန်း၀င်း ဖြစ်ပြီး ပစ်ခတ်ချိန် နေရာတင်သေဆုံးခဲ့ကာ သူ့မှာပါလာတဲ့ စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေအရ ဒုရဲအုပ်ဆိုတာကို အတည်ပြုခဲ့တာလို့ သိရပါတယ်။

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဒုရဲအုပ် #ပစ်ခတ်ခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10