အရာတော်က တပ်ကြပ်ကြီးဟောင်းတဦး သေနတ်နဲ့ပစ်သတ်ခံရ

အရာတော်က တပ်ကြပ်ကြီးဟောင်းတဦး သေနတ်နဲ့ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က တပ်ကြပ်ကြီးဟောင်းတဦးလည်းဖြစ်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးလည်းဖြစ်သူကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Danger Force LPDF က သတင်းထုတ်ပြန်ထားပါတယ်။

အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုအောင်ကြည်ကို ဧပြီ ၉ ရက် မနက် ၈ နာရီခွဲလောက်မှာ လက်ဘက်ရည်ဆိုင်ကနေ အိမ်ကိုပြန်လာချိန် သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။  

“အုပ်ကြီးက ဆိုင်ကယ်နဲ့ ပြန်လာတာကို သူ့အိမ်နား အရောက်မှာ ပစ်သတ်ခဲ့တာပါ နေရာမှာပဲ သေပါတယ်”လို့ Danger Force LPDF ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လုံခြုံရေးအခြေအနေအရ အမြန်ပြန်ဆုတ်လာတာကြောင့် အလောင်းကို ဘယ်သူတွေလာသယ်တယ်ဆိုတာနဲ့ နောက်ဆက်တွဲအခြေအနေတွေကို တိတိကျကျ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ကိုအောင်ကြည်ဟာ အရာတော်မြို့နယ်အခြေစိုက် အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) က တပ်ကြပ်ကြီးဟောင်းတဦးလည်းဖြစ်သလို ရပ်ကွက်အတွင်းက လူငယ် ၁၅ ဦးကို စစ်မှုထမ်းဖို့ အတွက် ဆင့်ခေါ်စာပို့ကာ စစ်မှုထမ်းဥပ‌‌ဒေကို အကောင်ထည်ဖော်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို Danger Force LPDF၊ အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့နဲ့ မုံရွာခရိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း Danger Force LPDF အဖွဲ့နဲ့ ပူး‌ပေါင်းအဖွဲ့တွေဟာ အရာတော် - မုံရွာ လမ်းပေါ်မှာသွားနေတဲ့ စစ်ကား ၂ စီးကို လက်နက်ကြီးငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုအောင်ကြည်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #အုပ်ချုပ်ရေးမှူး #တပ်ကြပ်ကြီးဟောင်း #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10