အရာတော်က စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ၁၀၇ မမ ရှော့ဒုံးနဲ့ သွားရောက်ပစ်ခတ်

အရာတော်က စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ၁၀၇ မမ ရှော့ဒုံးနဲ့ သွားရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) (အရပ်ခေါ် အရှေ့တပ်)ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့   Danger Force LPDF တပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၉ ရက် မနေ့ ညနေ ၄ နာရီခွဲလောက်မှာ အဲဒီ စခတ ၁၀ တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတလုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် ကတုတ်ကျင်း ကင်းတဲဘေးကို ကျရောက် ပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။

“ တပ်ထဲကျပေမယ့် အထိခိုက်အကျဆုံးစာရင်းကိုတော့ မသိရသေးဘူးဗျ ။ အဲ့ဒီတပ်ကို အရင်ကလည်း သွားရောက်ပစ်ခတ်တာမျိုးတွေ ရှိပါတယ်။ အခုလိုသွားရောက်ပစ်ခတ်တာကလည်း သူတို့က ကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့နေတဲ့အတွက် သွားရောက်ပစ်ခတ်ခဲ့တာပါ” လို့ Danger Force LPDF အဖွဲ့တာဝန်ခံ ဗိုလ်ရန်ရှင်းက မြေလတ်အသံကို ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရှော့ဒုံးနဲ့ပစ်ခတ်ပြီးနောက် ပြန်လည်ဆုတ်ခွာချိန်မှာ အဆိုပါစစ်တပ်ကနေ ၈၀ မမ လက်နက်ကြီး ဗုံးသီး ၂ လုံး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို  Danger Force LPDF နဲ့ မုံရွာခရိုင်တပ်ရင်း ၆ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး Danger Force LPDF တပ်ဖွဲ့ဟာ အဲ့ဒီလေ့ကျင့်ရေးတပ်ကို  ဇူလိုင် ၅ ရက်ကလည်း ၁၀၇ မမ၊ ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးတို့နဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အရာတော် #စခတ၁၀ #လေ့ကျင့်ရေးတပ် #PDF #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10