အရာတော်က ပျူစောထီးရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေဆုံးမှုရှိ

အရာတော်က ပျူစောထီးရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ပျူစောထီးအများစုနေထိုင်တဲ့ သလဲဘာကျေးရွာကို ဇန်နဝါရီလ ၃ ရက် ဒီမနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 

အဲ့ဒီရွာမှာ စစ်တပ်ကလည်း အထိုင်ချတပ်စွဲထားပြီး ရွာခံပျူစောထီးတွေ ပူးပေါင်းကာ နီးစပ်ရွာကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်နေတာကြောင့် ၆၀ မမ အပါအဝင် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုန်တိုင်းက မြေလတ်အသံကို ပြောပါတယ်။

“သလဲဘာရွာ တရွာလုံးက ပျူရွာပါ။ ပျူတွေက စစ်သားတွေခေါ်ပြီး နေတယ်။ ဘေးနီးနားရွာတွေ မီးရှို့တယ်။ ဟိုတလောကလည်း အနောက်ဘက်အခြမ်းက ကျေးရွာတွေကို မီးရှို့ခဲ့သေးတယ်။ သူတို့(စစ်ကောင်စီ) ထိခိုက်တာတွေလည်း ရှိတယ်။ သေဆုံးတာကို ဘယ်လိုသိရလဲဆိုတော့ သေဆုံးမှုကို မီးရှို့ဖို့ စုပုံထားတယ်ဆိုတာ အတွင်းသတင်းကနေတဆင့် သိရပါတယ်” လို့ ဆိုပါတယ်။

၆၀ မမ ၂ လုံး၊ ၈၀ မမ ၃ လုံး စုစုပေါင်း ၅ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးနဲ့ ပျူစောထီး ထိခိုက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ပျူစောထီးတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း မိမိတို့ တပ်ဖွဲ့က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်မနေ့ည ၈ နာရီ ၄၅ မိနစ်လောက်မှာလည်း ဆားတောင်မြို့ပေါ်က စစ်ကောင်စီသတင်းပေး ရန်ကြီး ဆိုသူကို မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10