အရာတော် စစ်ကောင်စီဂိတ်အနီးက မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

အရာတော် စစ်ကောင်စီဂိတ်အနီးက မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနောက်ဘက်ရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ Danger Force LPDF က ဇူလိုင်လ ၉ ရက်ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နဲ့ မီတာ ၁၀၀ ခန့် အကွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို ဇူလိုင်လ ၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

"မိုင်တဲလ်စက်တွေ အသုံးပြုမရအောင် ပျက်စီးသွားပါတယ်။ လူနေအိမ်တွေပေါ် ကျမှာစိုးလို့ တိုင်ကိုတော့ မချိုးခဲ့ပါဘူး။ စက်မှုလယ်ယာဂိတ်မှာလည်း စစ်** တွေရှိတော့ အသက်စွန့်လုပ်ရတာပါ။ စကစနဲ့ပတ်သက်တဲ့ စီးပွားရေးထောက်တိုင်တွေကို ဖျက်ဆီးပိတ်ဆို့တဲ့သဘောနဲ့ ဖောက်ခွဲခဲ့တာ" လို့ Danger Force LPDF ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီလုပ်ဆောင်မှုကို Danger Force LPDFနဲ့ Special Revolution Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်သလို ဖောက်ခွဲမှုအပြီး စစ်ကောင်စီတပ်တွေဘက်က ၆၀ မမ ဗုံးသီး ၂ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက် မနက်  ၄  နာရီခွဲလောက်ကလည်း အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် - စခတ ၁၀ (အရပ်ခေါ် အရှေ့တပ်)ကို Danger Force LPDFနဲ့ မုံရွာခရိုင်တပ်ရင်း ၆ တို့ပူးပေါင်းပြီး ၁၀၇ မမ၊ ၈၀ မမ၊ ၆၀ မမ နဲ့ သွားရောက် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - ဖောက်ခွဲဖျက်စီးခဲ့သည့် မိုင်တဲတာဝါတိုင်။

စာတည်း- ရင်ငြိမ်း။

#မြေလတ်အသံ

 #စစ်ကိုင်း #အရာတော် #မိုင်တဲလ် #တာဝါတိုင် #ဖောက်ခွဲဖျက်ဆီး #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10