အရာတော်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

အရာတော်မှာ ကင်းပုန်းစောင့်နေတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက်၊ အမှတ် ၃၆၉ အမြောက်တပ်ရင်း (အမတ ၃၆၉) ကနေ ခြေလျင်လာတဲ့စစ်ကြောင်းကိုစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Danger Force LPDF တပ်ဖွဲ့ဆီကသိရပါတယ်။

မတ် ၇ ရက် မနေ့ကမနက် ၇ နာရီကျော်လောက်မှာ အမတ ၃၆၉ တပ်ကနေ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ ၁၀) ဘက်ကိုလာတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီစစ်ကြောင်းအတွက် ကန်ပေါ်ရွာအနောက်ဘက်မှာ ကင်းပုန်းစောင့်ပေးနေတဲ့စစ်သား ၈ ဦးဝန်းကျင်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ 

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပဒေသာမိုင်း ၂ လုံး နဲ့တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးမှု နဲ့ ဒဏ်ရာရတာတွေကို ဖရဲသီး (တပ်တွင်းသတင်းပေး) ကနေတဆင့်ကြားသိရတယ်။ ကျနော်တို့လည်း သူတို့ရှိနေတာကို ကြိုတင်သတင်းရထားလို့ သွားရောက်စောင့်ဆိုင်းပြီး လုပ်ဆောင် (တိုက်ခိုက်)ခဲ့တာပါ”လို့ Danger Force LPDF အဖွဲ့မှ တိုက်ခိုက်ရေးတာဝန်ခံက ပြောပါတယ်။

စစ်သားတွေဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် စစ်သားအလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမတ ၃၆၉ စစ်ကြောင်းက စခတ ၁၀ တပ်ထဲကို သယ်သွားကြတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင်ပကဖ၊ လင်းယုန်တပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာပါ။ 

Danger Force LPDF တပ်ဖွဲ့ဟာ မတ် ၄ ရက်ကလည်း စခတ ၁၀ တပ်ကိုသွားမဲ့ စစ်ကောင်စီရဲ့ သံပြားကာကား  ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာနှင့် သိမ်းဆည်းရရှိသည့် ခဲယမ်းအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စစ်ကောင်စီ #မိုင်းဆွဲ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10