အရာတော်မှာ ပျူစောထီးတဦးရဲ့ နာရေးကျင်းပနေတာကို  PDF က တိုက်ခိုက်

အရာတော်မှာ ပျူစောထီးတဦးရဲ့ နာရေးကျင်းပနေတာကို  PDF က တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးအချင်းချင်းသေနတ်နဲ့ပစ်လို့ သေဆုံးသူရဲ့ နာရေးကျင်းပနေချိန် စက်တင်ဘာ ၃ ရက် မနေ့ညနေက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Ngwe Dwin Revolution Force - NDRF  က သတင်းထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်ငွေတွင်းကျေးရွာကို မနေ့ညနေ ၃ နာရီလောက်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး အချင်းချင်းသေနတ်နဲ့ပစ်လို့ သေဆုံးမှုဟာ အောက်တိုဘာ ၂ ရက်ညက ဖြစ်ခဲ့တာလို့ဆိုပါတယ်။  

ပူးပေါင်းအဖွဲ့က ငွေတွင်းကျေးရွာက ပျူစောထီးစခန်း၊ နာရေးအိမ်နဲ့ လုပ်တိုင်ကုန်း(သင်္ချိုင်းကုန်း)တို့ကို ဒရုန်းအကြီးစား ၄ စီးနဲ့ ဗုံးသီး ၁၀ လုံး၊ Shar Htoo War နည်းပညာ ဒရုန်းလေယာဉ်ငယ်နဲ့ ဗုံးသီး ၅ လုံး စုစုပေါင်း ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးငယ်တွေနဲ့လည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်ကလည်း ၆၀ မမ၊ ၄၀ မမတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

“သူတို့ဘက်ကလည်း ပြန်ပစ်လို့  ၆၀ မမထိပြီး ကျနော်တို့ ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တာ“ လို့ Dwin Revolution Force - NDRF  တပ်ခွဲမှူး ကိုစစ်နိုင်က ပြောပါတယ်။

ငွေတွင်းရွာကို ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ချိန် ကျည်ဆံမလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရပြီး စစ်အုပ်စုဘက်က ထိခိုက်မှုကိုလည်း စုံစမ်းနေဆဲလို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ Ngwe Dwin Revolution Force - NDRF ၊ Middle Revolutionary Technical Front(MRTF)၊ Generation Z Power(GZP)၊ ကျောက်ဆည်ခရိုင် နဂါးနီ တပ်ရင်း ၁ နဲ့ Lighting Drone Force မဟာမိတ်တပ်ဖွဲ့ တွေပေါင်းကာ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ 

ငွေတွင်းရွာမှာ အရာတော် အမှတ် ၁၀ တပ်က အင်အား ၅၀ ခန့်နဲ့ ပျူစောထီး ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၆ ရက်ကလည်း ငွေတွင်းရွာက စစ်အုပ်စုစခန်းကို Ngwe Dwin Revolution Force - NDRF ပူးပေါင်းအဖွဲ့တွေက ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Ngwe Dwin Revolution Force - NDRF  အဖွဲ့ဟာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရာမှာ ကျည်မလုံလောက်တာကြောင့် မကြာခဏနောက်ပြန်ဆုတ်ရတာတွေရှိလို့ အောက်တိုဘာ ၁ ရက်စကာ ကျည် ၂၀၀၀ ကမ်ပိန်းပြုလုပ် ထားတယ်လို့ တပ်ခွဲမှူး ကိုစစ်နိုင်ဆီက သိရပါတယ်။ 

ဓာတ်ပုံ -  Ngwe Dwin Revolution Force - NDRF ဒရုန်းစစ်ဆင်ရေးအတွက်ပြင်ဆင်မှုမြင်ကွင်း(ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အရာတော်မြို့ #ပျူစောထီး #ငွေတွင်းကျေးရွာ #ဗုံးကြဲတိုက်ခိုက် #ဒရုန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10