အရာတော် စခတ ၁၀ ကိုသွားမယ့်စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရ

အရာတော် စခတ ၁၀ ကိုသွားမယ့်စစ်ကောင်စီကား ၂ စီးမိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စ.ခ.တ ၁၀) ကိုသွားမယ့်စစ်ကားတွေကို မတ်လ ၄ ရက် မနက် ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေ ရှိနိုင်တယ်လို့ Danger Force - LPDF တပ်ဖွဲ့ဆီမှ သိရပါတယ်။

မုံရွာ-အရာတော်လမ်းပေါ်ရှိ ထူးရာရသေ့ကျောင်းကနေ စ.ခ.တ (၁၀) ကိုသွားမယ့် စစ်ကေင်စီရဲ့ သံပြားကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်တွေက ဝါးတန်းကျေးရွာကနေ မန်းကျီးသုံးပင်လမ်းလမ်းခွဲထိ လမ်းကြားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်မပြုနိုင်ပေမယ့် သေဆုံးမှုတွေတော့ရှိနိုင်တယ်လို့  Danger Force LPDF အဖွဲ့တာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

“ခါတိုင်းဆို သူတို့ကအရာတော်မြို့ပေါ်  ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသကားတွေနဲ့တန်းဝင်တာ။ ဒီတခါတော့ အဲ့လိုမဟုတ်ဘူး။ သတင်းကိုလုံးဝအမှောင်ဖုံးလိုက်တာ သေချာတာကတော့ ထိခိုက်သေဆုံးမှုရှိတယ်”လို့ ကိုမာန်ဟုန်က ပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက် မနက် ၉ နာရီလောက်မှာ ၅၀၀၄ တင့်ကားတပ်ကနေ စစ်ကူတွေရောက်လာပြီး ပျက်စီးတဲ့ကားကို တင့်ကားတစီးနဲ့ ကူသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၃ ရက်ကတည်းက အရာတော်မြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းနဲ့ ထွက်လာတာဖြစ်ပြီး မတ်လ ၄ ရက် မနက်မှာ အရာတော်မြို့ပေါ်ကို ပြန်သွားချိန် အခုလိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို Danger Force  LPDF၊ အရာတော်ပကဖ တိုက်နယ် (၁၁)၊ မုံရွာခရိုင်တပ်ရင်း (၂၁)၊ မုံရွာခရိုင်တပ်ရင်း (၂၄)၊ မုံရွာခရိုင်တပ်ရင်း (၂၇) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

Danger Force LPDF တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အရာတော်ကိုသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းတခုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - ပျက်စီးသွားသည့် သံပြားကာကားကို ၅၀၀၄ တင့်ကားဖြင့် ဆွဲသွားစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10