အရှေ့ဘုန်းကံရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ဒဏ်ရာရသူ ၃ဦးထဲက ၂ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ဦးဒဏ်ရာရကာ ၃ ဦးစိုးရိမ်ရတယ်လို့ Southern YSO PDF တပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၁၄ ရက် မနက် ၉ နာရီခွဲအချိန်ခန့်မှာ အရှေ့ဘုန်းကံရွာအနီးက စစ်တပ်ဂိတ်ကို တိုက်ခိုက်ဖို့သွားချိန် သတင်းပေါက်ကြားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခံရကာ တိုက်ပွဲအပြန်အလှန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ပခုက္ကူမြို့က လူနာတင်ယာဉ်တစီးအပါ ကား ၃ စီးနဲ့ စစ်ကူတွေရောက်လာပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို ပခုက္ကူဆေးရုံမှာ ဆေးကုဖို့ ခေါ်သွားခဲ့တယ်လို ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာပြင်းထန်ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲက ၂ ဦးဟာ သြဂုတ် ၁၇ရက် ညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Southen YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောပါတယ်။

စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာမှာ Southern YSO PDF တပ်ဖွဲ့နဲ့အတူ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ ဒေါင်းသွေးနီ၊ Yesagyo Revolution Force (YRG)၊ Royal Pakokku UG၊ ညီနောင်သုံးဖော်၊ Tartay Revolutin Force၊ King Cobra၊ Black Dragon နဲ့ Colum One တပ်ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ပခုက္ကူ #တိုက်ပွဲသတင်း #မကွေး #အရှေ့ဘုန်းကံရွာ #တိုက်ပွဲ #သတင်း #PDF #စစ်ကောင်စီ #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10