အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ၁၀၇ မမ ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ၁၀၇ မမ ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ်

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ဒီဇင်ဘာ ၂၁ ရက် ဒီမနက် အစောပိုင်းက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ No More Dictatorship People Defence Force - NMD က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးနန်းတွင်းထဲကို ဒီမနက် ၂ နာရီခွဲလောက်မှာ တာဝေးပစ် ၁၀၇ မမ ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဓိက ကတော့ သူတို့ အလုံခြုံဆုံးနေရာလို့ယူဆရတဲ့ နေရာထင်လို့ စစ်ရေးအရ ခြိမ်းခြောက်တဲ့ သဘောပါ။ သူတို့လုံခြုံပါတယ်ဆိုတဲ့နေရာမှာ စိတ်ဖြောင့်ဖြောင့် စိတ်အေးအေးနေလို့ မရဘူးဆိုတာကို သိစေချင်လို့ ပစ်ခတ်ခဲ့တာပါ “လို့  No More Dictatorship People Defence Force ရဲ့ တာဝန်ခံကိုချာလီက ပြောပါတယ်။ 

အဲ့ဒီဌာနချုပ်ဟာ စစ်ကောင်စီရဲ့ နောက်ဆုံးအားထားရာ ခံတပ်လည်းဖြစ်တယ်လို့ ယူဆတဲ့အတွက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM)၊ မြို့ပြအထူးစစ်ဆင်ရေး (U.S.O) နဲ့အတူ No More Dictatorship People Defence Force - NMD၊ Security & Special Task Force (SSTF-MDY) ပြင်ဦးလွင်ခရိုင်ပကဖ တို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ 

No More Dictatorship People Defence Force နဲ့အဖွဲ့ဟာ မန္တလေးနန်းတွင်းထဲကို အခုတိုက်ခိုက်မှုမတိုင်ခင် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ - နန်းတွင်းထဲကိုပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နန်းတွင်း #အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် #တိုက်ခိုက် #အသိပေး #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10