အဝေးပြေးလမ်းပေါ်က ကုက္ကဲရဲစခန်းနဲ့ ဂိတ်ကို PDF တွေတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန္တလေး-မြင်းခြံ အဝေးပြေးလမ်းမပေါ်ရှိ ကုက္ကဲရဲစခန်းနဲ့ စခန်းအရှေ့ကစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီလောက်မှာ ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ 

ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ၄၀ မမ ၅ လုံးနဲ့ စတင်ပစ်ခတ်ပြီးနောက် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ခဲ့ကာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Freedom Revolution Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီကုက္ကဲရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ နဲ့ ပျူစောထီး ၅၀ လောက် အထိုင်ချတပ်စွဲနေပြီး လမ်းသွားလမ်းလာတွေဆီကလည်း ဆက်ကြေးကောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မူကို Freedom Revolution Force (FRF)၊ Burmese Guerilla Force (BGF) နဲ့  Local People Defense Force 35 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

အပြန်အလှန် ပစ်ခတ်မှုအပြီး ရဲစခန်းထဲကနေ အနီးဝန်းကျင်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် စိန်ပန်းရွာဘေးကို လက်နက်ကြီး  ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအဖွဲ့တွေက ရဲစခန်းနဲ့ ၂ မိုင်လောက်အကွာက ရွာသာယာရွာကိုလည်း အဲ့ဒီနေ့မှာပဲ သွားရောက်မီးရှို့ခဲ့ကြသေးတယ်လို့ သိရပါတယ်။  

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အဝေးပြေးလမ်း #ကုက္ကဲရဲစခန်း #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10