အသတ်ခံရတဲ့ ကိုယ်ဝန်ဆောင် မအေးငြိမ်းသူနဲ့ သန္ဓေသားလောင်းကို ဂူသွင်းသင်္ဂြိုဟ်

အသတ်ခံရတဲ့ ကိုယ်ဝန်ဆောင် မအေးငြိမ်းသူနဲ့ သန္ဓေသားလောင်းကို ဂူသွင်းသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်က ကိုယ်ဝန်ဆောင် မအေးငြိမ်းသူနဲ့ ဝမ်းဗိုက်ထဲက သန္ဓေသားလောင်းကို ဒီကနေ့ ဩဂုတ်လ ၁၂ ရက် နေ့လယ်ပိုင်းက မုံရွာမြို့မသုဿန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် ညနေ ၃ နာရီခန့်မှာ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ အင်းဖြတ်လမ်းကနေအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၇ ဦးက ဝင်ရောက်ဓားပြတိုက်စဉ် မွေးဖွားရန်ရက်ပိုင်းသာလိုတော့တဲ့ အသက် ၂၅ နှစ်အရွယ် မအေးငြိမ်းသူဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူဟုစွပ်စွဲခံရသူ ကျွဲကြီးအပါ ၇ ဦးကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ပလဖအကျဉ်းထောင်ကို လွှဲပြောင်း ပို့ဆောင်စစ်ဆေးနေပြီး အမှုမှန်အမြန်ပေါ် ပေါက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"ဥပဒေအတိုင်းပဲ သွားဖို့စီစဥ်ဆောင်ရွက်နေပါတယ်။ စစ်ချက်တွေက အချိန်ယူစစ်နေရတာဖြစ်နေလို့ပါ။ အချိန်တခု ယူရပါအုံးမယ်။ပလဖအကျဥ်းထောင်ကိုလွှဲပေးလိုက်ပါပြီ" လို့ မုံရွာပလဖ အဖွဲ့တာဝန်ခံ ကိုလီယို ကမြေလတ်အသံကို ပြောပါတယ်။

စွပ်စွဲခံရတဲ့ ကျွဲကြီးအပါ ၇ ဦးကို လူသတ်လုယက်မှုဖြစ်ပွားတဲ့နေ့မှာဘဲ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့အတူ Monywa The Boy၊ မုံရွာခရိုင်တပ်ရင်း-၇၊ မုံရွာခရိုင်တပ်ရင်း -၂၃၊ ပကဖ တိုက်နယ်မှူးအဖွဲ့ တွေ ပူးပေါင်းပြီး နေ့ချင်းဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ကိုယ်ဝန်ဆောင် မအေးငြိမ်းသူနဲ့အတူ သန္ဓေသားပါ သေဆုံးခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ၂ ဦးစလုံးကို ဂူသွင်းသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ကိုယ်ဝန်ဆောင် #အသတ်ခံရ #ဓါးပြတိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10