အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူး ၂ ဦးနေရာမှာ အစာထိုးဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်မံအသတ်ခံရ

အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူး ၂ ဦးနေရာမှာ အစာထိုးဝင်လုပ်တဲ့အုပ်ချုပ်ရေးမှူး ထပ်မံအသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က သေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ၂ ဦးနေရာမှာ အစားဝင်တဲ့ တတိယမြောက်အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ထပ်မံပစ်သတ်ခဲ့တယ်လို့ ရွှေတောင်ပကဖ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

အသတ်ခံရသူဟာ ပေါင်းတည်မြို့နယ်၊ ဇီးပင်လှအုပ်စုအုပ်ချုပ်ရေးမှူး ကိုသန်းဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မနေ့ညနေ ၆ နာရီခွဲကျော်လောက်က ကြာနီကန်ရွာဘောလုံးကွင်းမှာ လောင်းကစားဒိုင်လုပ်ပြီး အကောက် ကောက်နေချိန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဘောလုံးချိန်းဝိုင်းဒိုင်လုပ်ပြီး အကောက် ကောက်နေတာ။ သူ့ကိုလိုက်ရှာရင်း လူစည်ကားတဲ့ ဘောလုံးကွင်းမှာ သွားတွေ့တာ။ ရင်အုံ ၁ ချက် ခေါင်း ၁ ချက် ၂ ချက်ပစ်ခဲ့တာ ပွဲချင်းပြီး။“လို့  ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံက ပြောပါတယ်။ 

အဲဒီအုပ်ချုပ်ရေးမှူးဟာ တော်လှန်တပ်ဖွဲ့တွေကို ဆဲဆိုတာ၊ လူငယ်တွေစစ်မှုထမ်းဖို့ ဖမ်းဆီးတာနဲ့ လောင်းကစားဝိုင်းတွေကို ဦးဆောင်ခဲ့သလို သေနတ်နဲ့လက်ပစ်ဗုံးနှစ်လုံးကိုင်ကာ အုပ်ချုပ်ရေးမှူးလုပ်နေသူ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်အပြီးမှာ ကိုသန်းဆီကလက်ကိုင်ဖုန်း ၁ လုံးနဲ့  ဓါးမြှောင် ၁ ချောင်းကို တွေ့ရှိသိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေ‌တောင်ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့နဲ့  ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊  တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ တို့ပေါင်းကာလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ကိုသန်းမတိုင်ခင် ဇီးပင်လှအုပ်စုအုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ကိုအောင်နိုင်ထွန်းနဲ့ ကိုဌေးအောင်တို့ ၂ ဦးကိုတော့ ၂၀၂၂ အောက်တိုဘာ ၁၈ ရက်နဲ့  ၂၀၂၃ ဧပြီ ၂၀ ရက်တို့မှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက အသီးသီးပစ်ခတ်ရှင်းလင်းခဲ့ကြတာလို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲလောက်ကလည်း ပေါင်းတည်မြို့နယ်၊ ရွာသစ်ကြီးအုပ်စု အုပ်ချုပ်ရေးမှူးကိုတင်ဦး ကိုလည်း သူ့ရဲ့နေအိမ်မှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁၊တပ်ခွဲ ၅ နဲ့ ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ  ၄ တို့က သေနတ်နဲ့ ပစ်သတ်ခဲ့ကြပါသေးတယ်။ 

ပုံစာ -  သေဆုံးနေသည့် အုပ်ချုပ်ရေးမှူးကိုသန်းနှင့် သိမ်းဆည်းခဲ့သည့်ဓါးမြှောင်နှင့်ဖုန်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #အုပ်ချုပ်ရေးမှူး #အသတ်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10