အိမ်စီးကားနဲ့လာတဲ့ စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ ကားနဲ့ပစ္စည်းအချို့လည်း သိမ်းဆည်းခဲ့

အိမ်စီးကားနဲ့လာတဲ့ စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ ကားနဲ့ပစ္စည်းအချို့လည်း သိမ်းဆည်းခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မြို့မရဲစခန်းမှ အိမ်စီးကားနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ ၁၁ ရက်မှာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ဆီက သိရပါတယ်။

ရဲစခန်းထဲကနေ အိမ်စီးကားနဲ့ နယ်ထိန်း ဝေဖြိုးထွန်းဦးစီးပြီး ကင်းလှည့်ဖို့ထွက်လာတဲ့ စစ်သားနဲ့ရဲ ၅ ဦးကို ညနေ ၄ နာရီခန့်က မြို့တွင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က ပြန်မပစ်နိုင်ဘူး။ ပစ်ခတ်ချိန် ၃ မိနစ်ခန့်ပါပဲဗျ။ နယ်ထိန်းနဲ့ရဲ ၁ ယောက်က ထွက်ပြေးသွားတယ်။၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်။ ကားနဲ့ပစ္စည်းတချို့လည်း သိမ်းဆည်းရခဲ့တယ်" လို့ အညာမိုင်းအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က စတင်ပစ်ခတ်ချိန်မှာ နယ်ထိန်းဝေဖြိုးထွန်းနဲ့ ရဲတပ်သား ၁ ဦးက ကားပေါ်မှဆင်းပြေးပြီး အနီးရှိပြည်သူ့ဆိုင်ကယ်တစီးကို လုယူထွက်ပြေးတဲ့အပြင် ကားပေါ်မှာကျန်ခဲ့တဲ့ ၃ ဦးစလုံးလည်း ဒဏ်ရာတွေနဲ့ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ ဒဏ်ရာရတဲ့စစ်သား ၃ ဦးထဲက ၂ ဦးက သေဆုံးခဲ့တယ်လို့ သိရကြောင်း အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။ 

စစ်သားနဲ့ရဲတွေက အိမ်စီးကားနဲ ကင်းလှည့် ဆက်ကြေးတောင်းလေ့ရှိပြီး အခုလိုတိုက်ခိုက်နိုင်ဖို့အတွက် ၁၅ ရက်ကြာ အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ စစ်သားနဲ့ရဲတွေ စီးလာတဲ့ Nissan Saloon ကား ၁ စီးအပြင် ဖုန်း ၂ လုံး၊ Tiger ဘီယာ ၃ ဖာတို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဧပြီ ၁၁ ရက် ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချောင်းဦးမြို့၊ ပွဲရပ်အနောက်ပိုင်း ၂ ရပ်ကွက်က နေအိမ်တွေကို မီးရှို့ခဲ့ရာ နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ချောင်းဦး #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10