အိမ်စီးကား ၂ စီးနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို PDF တိုက်ခိုက်ပြီး ကားကိုမီးရှို့ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက အိမ်စီးကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်သားနဲ့ရဲတွေကို ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်ခဲ့ပြီး ကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၄ Natogyi People Defence Force - NPDF အဖွဲ့ဆီက သိရပါတယ်။

အင်အား ၈ ဦးလိုက်ပါလာတဲ့ကားတွေကို မနက် ၈ နာရီခွဲလောက်က ဝက်လူးကျေးရွာအလယ်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ လိုက်လာတဲ့စစ်သားနဲ့ရဲတွေကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ 

"သူတို့ (စစ်ကောင်စီ) ၄ ယောက်ဒဏ်ရာရတယ်။ ကားထားပြီး ထွက်ပြေးသွားကြတယ်။ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမရှိပါဘူး" လို့ NPDF တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီကား ၂ စီးပေါ်ကနေ လက်ကိုင်ဖုန်း ၁ လုံး၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည်ဆန် ၅ တောင့်၊ စကားပြောစက် ၁ လုံးကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ - NPDF အဖွဲ့နဲ့အတူ နွားထိုးကြီး ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ အထက်ပါတာဝန်ခံကပြောပါတယ်။  

ပြီးခဲတဲ့ ဧပြီ ၂၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ပြင်စီကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၀ မှာ ငွေတောင်းခံနေတဲ့ စစ်ဆေးရေးဂိတ်တို့ကို ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #နွားထိုးကြီး #စစ်ကောင်စီ #reels #shorts 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10