အိမ်ပျောက်သူတွေကို အိမ်ပြန်ခိုင်းတဲ့ စစ်တပ် (ရုပ်သံဆောင်းပါး)

ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၃၆၀ ကျော်သေဆုံး ကာ အနည်းဆုံး လူ ၁၀၀ ကျော် ပျောက်ဆုံးနေပြီး မြို့နယ်ပေါင်း ၃၃၀ မှာ လူ ၁ ဒသမ ၁ သန်း ဝန်းကျင် ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းက ရေဘေးဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ထက် နေရပ်ကိုမြန်မြန်ပြန်ကြဖို့ကို တွန်းလို့နေပါတယ်။ 

အောက်တိုဘာ ၁ ရက်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူဖို့အတွက် အခုလို ရေဘေးရှောင်ပြည်သူ တွေကို နေရပ်ပြန်ခိုင်းနေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက အခုလို နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။ 

ဒီလို ရေကြီး၊ ရေလျှံ မြေပြိုမှုကြောင့် လူနေအိမ်တွေ ပျက်စီးတာ၊ နေအိမ်တွေ မြေကြီးအောက်ရောက်သွားတာ တွေကို ဆိုးဆိုးရွားရွားကြုံလိုက်ရတဲ့အထဲမှာ ရမည်းသင်းမြို့နယ်ထဲက သပြေပင်ရွာလည်း တခုအပါအဝင်ဖြစ် ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#သန်းခေါင်စာရင်း #ရမည်းသင်း #သပြေပင်ရွာ #ရာဂီ #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10